K pop

■ Lee Seung Gi ရဲ့ကြေကွဲဇာတ်လမ်း

— – – နာမည်ကျော်အဆိုတော်မင်းသား Lee Seung Gi ကို ကြွေနေတဲ့ နာမည်ကြီးအမျိုးသမီး ဘယ်လောက်ရှိမယ်လို့ ထင်ပါသလဲ။

Lee Seung Gi ဟာ ရုပ်ရည်ချောမောပြေပြစ်ပြီး ချစ်စရာကောင်းသလို လူတိုင်းနဲ့ ပေါင်းသင်းရလွယ်ပြီး ရယ်စရာတွေ အများကြီး ပြောတတ်သူဖြစ်ပါတယ်။

ဒါ့အပြင် သူ့မှာချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှုဆိုတာကလည်း လိုလေသေးမရှိတဲ့ အချက်တွေသာ ဖြစ်ပါတယ်။ ဒီတော့ Lee Seung Gi ဟာ အမျိုးသမီးတွေဘက်ကကြည့်ရင် ပြစ်ချက်မရှိတဲ့ လက်တွဲဖော်လို့တောင် ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကြေကွဲစရာကောင်းတာက Lee Seung Gi ကို ချစ်တယ်လို့ပြောဖူးတဲ့ နာမည်ကျော်အမျိုးသမီးမရှိပါဘူးတဲ့။

“ကျွန်တော့်အနေနဲ့ နာမည်ကျော်အမျိုးသမီးတွေရဲ့ရေလာမြောင်းပေး ပြောဆိုခြင်းကို တစ်ခါမှ မခံခဲ့ရပါဘူး။ ဒါပေမဲ့ တစ်ချို့နာမည်ကျော်ကြားတဲ့ အမျိုးသားတွေကတော့ အဲဒီလိုမျိုးပြောဆိုခံရတယ်လို့ ကျွန်တော်အများကြီး ကြားဖူးပါတယ်။ ကျွန်တော့်အလှည့်ကျမှ ဘာလို့အဲဒီလိုမဖြစ်ရတာလဲ”– Lee Seung Gi

အဲဒီနောက်မှာတော့ Lee Seung Gi ဟာ သူ့ရဲ့ဝသီအတိုင်း စနောက်တဲ့သဘောနဲ့ အကြောင်းပြချက်ကို သူသိချင်တယ်လို့ ဆိုခဲ့ပါတယ်။

ဘာလို့လဲဗျာ။ ကျွန်တော်က ချဉ်းကပ်ရခက်တဲ့လူတစ်ယောက် ဖြစ်နေလို့လား။ ဒါမှမဟုတ် ကျွန်တော့်ရဲ့ပုံစံကို ပြောင်းပစ်ရမှာလား။ ဒါမှမဟုတ် ရင်ဘတ်မှာ ဖုန်းနံပါတ်ကြီးကပ်ပြီး လျှောက်သွားနေရမှာလား။

ကျွန်တော်လည်း ကောင်မလေးတစ်ယောက်ယောက်ကို ချစ်ချင်တာပေါ့ဗျာ။ အဲဒီလိုသာ ဖြစ်ခွင့်ရခဲ့မယ်ဆိုရင် ဘယ်လောက်အထိ ကောင်းလိုက်မလဲ။ ဒါပေမဲ့ လောလောဆယ်မှာတော့ ကျွန်တော့်အနေနဲ့ အလုပ်ကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်အနေနဲ့ Date မလုပ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော် အလုပ်ကို အာရုံစိုက်ထားတာပါ။ ဒီလောက်ပါပဲ“-Lee Seung Gi

Lee Seung Gi ဟာ နာမည်ကျော် SNSD အဖွဲ့ဝင် Yoona နဲ့ တွဲခဲ့ကြပေမယ့် သူတို့ရဲ့ များပြားလှတဲ့ အလုပ်တွေကြောင့် နောက်ပိုင်းမှာ လမ်းခွဲခဲ့ကြပါတယ်။ ဒါကြောင့် Lee Seung Gi ဟာ အခုအချိန်အထိ တစ်ကိုယ်တော်ဘဝနဲ့ ရှေ့ဆက်နေဆဲဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page