ပရိသတ်အများစုက သတ်မှတ်ထားကြတဲ့ K-pop လောကမှာ Sexy King လို့ထင်ရှားကြတဲ့ အမျိုးသား Idol (၁၀)ဦးကို Koreaboo က ဖော်ပြခဲ့ပါတယ်။
1. EXO’s Kai
EXO အဖွဲ့ဝင် Kai ရဲ့ဂုဏ်ပုဒ်ကိုက Sexy Visuals လို့ ပရိသတ်တွေက တင်စားကြပြီး Amazing Dance တွေကြောင့် ပရိသတ်တွေသာမက ကမ္ဘာအနှံ့က Cele တွေရဲ့ နှလုံးသားတွေကိုတောင် ခိုးယူခဲ့သူဖြစ်ပါတယ်။ Sexy King လို့ Kai ကို သတ်မှတ်ထားတာ ပြောစရာတောင်မလိုတဲ့ ကိစ္စတစ် ခုဖြစ်ပါတယ်။
2. GOT7’s Jackson
GOT7 အဖွဲ့ဝင်အကောင်းဆုံး Dancer တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ Jackson ဟာ ယောကျာ်းပီ သပြီး ချောမောတဲ့ရုပ်ရည်ကြောင့် Aghase တွေရဲ့ အသည်းကျော်တစ်ဦးဖြစ်နေတာပါ။ စတိတ်စင် ထက်က Jackon ရဲ့ ဖျော်ဖြေမှုနဲ့ Sexy ကျမှုတွေကို Aghase တွေအရည်မပျော်အောင်လို့ ဘယ်လိုမှ မတားဆီးနိုင်ပါဘူး။
3. 2PM’s Taecyeon
2PM အဖွဲ့ဝင် Taecyeon ဟာ 2008 ခုနှစ်က Debut လုပ်ခဲ့တာဖြစ်ပြီး သူ့ခေတ်သူ့ခါတုန်းက သူ့ရဲ့ Sexy ဆန်တဲ့ဆွဲဆောင်မှုတွေကို ပရိသတ်တွေ အသိအမှတ်မပြုဘဲမနေနိုင်ကြပါဘူး။ ချောမောတဲ့ရုပ် ရည်၊ စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်၊အရပ်နဲ့ Taecyeon ဟာ အခုချိန်အထိ Idol အဖြစ်နဲ့ရော မင်းသားအဖြစ်နဲ့ပါ အောင်မြင်မှုတွေရနေတာဖြစ်ပါတယ်။
4. SHINee’s Minho
လက်ရှိအချိန်မှာ စစ်မှုတာဝန်ထမ်းဆောင်နေတဲ့ Minho ဟာ SHINee အဖွဲ့ထဲက Visual ဖြစ်ပါတယ်။ ပရိသတ်တွေက သူ့ကို Sexy Aura Idol တစ်ဦးလို့ သတ်မှတ်ကြသလို Minho ကိုယ်တိုင်ကလည်း ပရိသတ်တွေပေးတဲ့ အဲဒီ ခပ်ဟော့ဟော့ ဂုဏ်ပုဒ်ကို သဘောတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
5. NCT 127’s Jaehyun
NCT 127 အဖွဲ့ဝင် Jaehyun ရဲ့ Visual ကိုတော့ ပရိသတ်တွေသိကြတဲ့အတိုင်းပါပဲ။ ပရိသတ်တွေကို စနောက်တတ်တဲ့ Jaehyun ဟာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Taeyong နဲ့ သူတို့ရဲ့ abs တွေကို ပရိသတ် တွေကို ထုတ်ပြခဲ့ဖူးပါတယ်။ နှုတ်ခမ်းနီမလေးတွေအတွက် အားကိုးချင်စရာ ခန္ဓာကိုယ်နဲ့ ကြွက်သား အဖုအထစ်တွေပိုင်ဆိုင်ထားတဲ့ Jaehyun ကို ဒီ Sexy King စာရင်းမှာ ချန်ထားလို့မရပါဘူး။
6. Stray Kids’ Bangchan
Stary Kids ပရိသတ်တွေက သူတို့ရဲ့အချစ်တော်လေး Bangchan ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ Sexy ကျတဲ့ ခန္ဓာကိုယ်ကို သဘောကျနှစ်သက်ကျတာဖြစ်ပါတယ်။ သူ့ရဲ့ပေါက်ကွဲမှုပြင်းထန်တဲ့ Sexy ကျမှုအောက်မှာ ကျရှုံးခဲ့ကြတယ်လို့ K netizen တွေက သတ်မှတ်ကြပါတယ်။
7. Super Junior’s Siwon
Super Junior အဖွဲ့ဝင် Siwon ဟာ K-pop လောက Sexy King စာရင်းထဲမှာ နာမည်ကြီး Visual တစ်ဦးဖြစ်ပါတယ်။ Idol အဖြစ်လှုပ်ရှားနေခဲ့တာ (၁၅)နှစ်တိုင်နေပြီဖြစ်ပြီး ပရိသတ်တွေကို အခုအချိန် အထိ ဆွဲဆောင်မှုအပြည့်နဲ့ စိတ်လှုပ်ရှားပေးနေတုန်းဖြစ်ပါတယ်။
8. BTS’s Jungkook
တစ်ကမ္ဘာလုံးက ARMY တွေရဲ့ နှင်းဆီခိုင်လေးဖြစ်တဲ့ Jungkook ကတော့ စတိတ်စင်မှာပေါ်မှာ ဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ဆွဲဆောင်မှုအပြည့်ရှိတဲ့သူဖြစ်ပါတယ်။ ဘယ်လို Cute ဖြစ်အောင်၊ ဘယ်လို Sexy ကျအောင်လုပ်မလဲဆိုတာကို ကောင်းကောင်းသိတဲ့သူဖြစ်ပြီး BTS အကိုတွေနဲ့ ARMY တွေ ချစ် မဆုံးဖြစ်နေတဲ့ Golden Maknae လေးဖြစ်ပါတယ်။
9. Monsta X’s Shownu
Monsta X အဖွဲ့ Leader Shownu ရဲ့ ကျော်ကြားမှုတွေထဲက တစ်ခုက သူ့ရဲ့ Sexy ကျတဲ့ Dance တွေပဲဖြစ်ပါတယ်။ ဘယ်လိုကကွက်တွေကိုမဆို Shownu ကလိုက်တာနဲ့ ကိုယ်ပိုင်ပုံစံတစ်ခုနဲ့ Sexy ကျတဲ့ ပုံစံတွေကို ဖန်တီးနိုင်တယ်လို့ ပရိသတ်တွေက ချီးကျူးကြပါတယ်။
10. NU’EST’s Baekho
NU’EST အဖွဲ့ဝင် Baekho ဟာ ယောကျာ်းပီသတဲ့ရုပ်ရည်နဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ Baekho ရဲ့ စင်ပေါ်မှာဖျော်ဖြေမှုကိုကြည့်ရတာ Sexy အလွန်ကျတယ် လို့ K netizen တွေက ညွှန်းဆိုကြပါတယ်။
-m2t
Ref: Koreaboo