K pop

■ ထိုင်းနိုင်ငံကရောက်လာတဲ့ ကောင်မလေးတစ်ဦးရဲ့ ဘဝပေးသင်ခန်းစာ

“ ကျွန်မ ငယ်ငယ်ကတည်းက အဆိုတော်ဖြစ်ဖို့ အိပ်မက်တွေ မက်ခဲ့ပါတယ်။ ကျွန်မအတွက် ကြီးမား တဲ့ အိပ်မက်ကြီးပေါ့။ အချို့လူတွေက ပြောခဲ့ကြတယ်။ ယုတ္တိမဆန်တဲ့ အပေါစားရူးကြောင်ကြောင် အိပ်မက်လို့ ပြောခဲ့ကြတာပါ။

ဒါပေမဲ့ မင်းမှာ ကြီးမားတဲ့ အိပ်မက်ကြီးရှိသင့်ပါတယ်။ ဘယ်သူဘာပဲပြောပြော မင်းကို မထိခိုက်နိုင်ပါ ဘူး။ မင်းမှာ တစ်စုံတစ်ခုကို လိုချင်စိတ်ပြင်းပြနေရင် အခြားသူတွေရဲ့ တွေးထင်မှုတွေကို အာရုံစိုက် စိုးရိမ်နေလို့မရပါဘူး။ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုထားရပါမယ်။ ရလဒ်အနေနဲ့ အောင်မြင်မှုတွေရလာ ခဲ့ရင် ပျော်ရွှင်ရမှာဖြစ်ပါတယ်။

တကယ်လို့ အောင်မြင်မှုတွေမရလာခဲ့ရင်တောင် ကြိုးစားတည်ဆောက်လာခဲ့လျှောက်လှမ်းဟာ နောင် တရစရာတစ်ခုမှမရှိပါဘူး။ အခွင့်အကောင်းကို လက်လွှတ်ဆုံးရှုံးရတာ၊ မလုပ်မိလိုက်လို့ နောင်တရ တာထက် ကြိုးစားခဲ့ပေမယ့် မအောင်ခဲ့တာက ပိုကောင်းပါတယ်”

Lisa ဟာ အထက်ပါ စကားကို ELLE နဲ့ အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပြီး Blink တွေကို ကိုယ်ရွေးချယ် မှုအိပ်မက်ကို မစွန့်လွှတ်လိုက်ဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။

Lisa က အောင်မြင်မှုရဖို့အတွက် ကြိုးစားမှုတွေနဲ့ တစိုက်စိုက်မတ်မတ်လုပ်သင့်တယ်လို့ ပြောခဲ့တာပါ။ ကိုယ်ဝါသနာပါတဲ့အလုပ်တစ်ခုဟာ မအောင်မြင်သေးရင်တောင်မှ ဖြတ်သန်းခဲ့၊ ကျရှုံးခဲ့တဲ့ဖြစ်စဉ်တွေ ဟာ အတွေ့အကြုံကြွယ်ဝမှုတွေဖြစ်ပြီး အဲဒီအတွေ့အကြုံတွေကနေ သင်ယူနိုင်ပါတယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page