K pop

■ သင်တန်းသားတစ်ယောက်ကို နှစ်သိမ့်ပေးရင်း Lisa မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတဲ့အကြောင်း

– — ဖခင်ဆုံးပါးသွားတဲ့ သင်တန်းသားတစ်ယောက်ကို နှစ်သိမ့်ပေးရင်း Lisa တစ်ယောက်…

BLACKPINK အဖွဲ့ဝင် Lisa ဟာ Youth With You 3 အစီအစဉ်မှာ Dance Mentor အဖြစ ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အပိုင်းတစ်ပိုင်းမှာတော့ Lisa ဟာ ဖျော်ဖြေမှုမတိုင်ခင် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ သင်တန်းသားတစ်ဦးဖြစ်တဲ့ Liu Jun ကို နှစ်သိမ့်စကားပြောဆိုပေးခဲ့ပါတယ်။ အသင်းနဲ့ ပူးပေါင်းရတဲ့ မနက်ခင်းမှာပဲ ဖခင်ဖြစ်သူ ဆုံးပါးသွားတဲ့အကြောင်း ကြားခဲ့ကြောင်း၊ ဒီမှာ အချိန်မကုန်ချင်ဘဲ ဖခင်ဖြစ်သူနဲ့ အတူတူရှိသင့်တာဖြစ်ကြောင်း ဝမ်းနည်းဖွယ်ရာ Lin Jun က ဖွင့်ဟခဲ့ပါတယ်။

အဲဒီနောက် Lisa ဟာ Lin Jun ကို နှစ်သိမ့်စကား ပြောဆိုခဲ့ပါတယ်။ “အခုအချိန်မှာ မင်းဘယ်လို ခံစားနေရသလဲဆိုတာ ငါ ကောင်းကောင်းသိတယ်။ မင်းက စစ်သည်တစ်ယောက်လိုပဲ။ မင်း အကောင်းဆုံး ကြိုးစားနေတာ ငါ တွေ့ရပါတယ်”လို့ Lisa ကဆိုခဲ့တာပါ။

Lisa ဟာ Lin Jun ကို အကြောင်းမဲ့အပေါ်ယံနှစ်သိမ့်ပေးခဲ့တာမျိုး မဟုတ်ပါဘူး။ Lisa ကိုယ်တိုင်ကလည်း ဒီနှစ်မွေးနေ့မှာ သူ့ ချစ်ရတဲ့ အဘိုးဖြစ်သူကို ဆုံးရှုံးထားရတာပါ။ Lisa ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ထိုင်းကို ဖျော်ဖြေမှုသွားရောက်ပြုလုပ်ခဲ့စဉ်တုန်းက အဘိုးဖြစ်သူကို နောက်ဆုံး တွေ့ဆုံခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အဘိုးအနားမရှိနိုင်ခဲ့ပါဘူး။

“ငါ့အနေနဲ့ အဘိုးကို နောက်ဆုံး နှုတ်ဆက်ခွင့်တောင် မရလိုက်ရှာဘူး။ ဒါပေမဲ့ အဘိုးက အနားမှာ အမြဲတမ်းရှိနေမယ်ဆိုတာ သိပါတယ်။ မင်းအဖေလည်း အဲဒီလိုဖြစ်လိမ့်မယ်လို့ ငါယုံတယ်”လို့ Lisa က ဖွင့်ဟခဲ့ပါတယ်။

ဲအဲဒီနောက် Lin Jun ကလည်း Lisa ရဲ့ နှစ်သိမ့်စကားကြောင့် အနည်းငယ် စိတ်ပြေခဲ့ရပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page