K pop

■ Madonna of Korea အနှစ်သက်ဆုံး BTS အဖွဲ့ဝင်

– – – Kim Wan Sun က သူမအနေနဲ့ BTS အဖွဲ့ ပရိသတ်ဖြစ်ကြောင်း…

Madonna of Korea လို့ တင်စားခံထားရတဲ့ Kim Wan Sun ကတော့ BTS ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။

Kim Wan Sun ဟာ BTS အဖွဲ့ရဲ့ ကမ္ဘာအနှံ့အထိ အောင်မြင်မှုတွေကိုလည်း ဂုဏ်ယူလျက်ရှိနေပြီး K-pop နယ်ပယ်ကနေ ကမ္ဘ္ကာအဆင့်အထိ တက်လှမ်းနိုင်ခဲ့တဲ့အပေါ် အလွန်ပျော်ရွှင်မိကြောင်း၊ စီနီယာတစ်ဦးအနေနဲ့ ဂုဏ်ယူမိကြော င်းဖွင့်ဟခဲ့ပါတယ်။

BTS အဖွဲ့ထဲမှာ သူမ အကြိုက်ဆုံးအဖွဲ့ဝင်ကိုလည်း Kim Wan Sun က ထုတ်ဖော်ခဲ့ပါတယ်။ သူကတော့ တခြားမဟုတ်ဘဲ V ပဲ ဖြစ်ပါတယ်။

Kim Wan Sun ဟာ ၁၉၈၀ ခုနှစ်ဝန်းကျင်မှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး ကိုရီးယားမှာသာမက ထိုင်ဝမ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာပါ သူမရဲ့ အောင်မြင်မှုကို ချဲ့ထွင်ထားနိုင်သူ ဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page