K pop

■ အဖွဲ့ဝင်တွေရဲ့ စကတ်တွေ တွန့်ကြေနေလို့ ITZY Stylist ကို ပရိသတ်တွေ ဝေဖန်

– – – Stylist တွေဟာ ပရော်ဖက်ရှင်နယ်မဆန်မှုအတွက် ဝေဖန်ခံနေရပြီး…

ဧပြီလ (၂၂) ရက်နေ့မှာ JYP Entertainmnet ရဲ့ ITZY အဖွဲ့ကို JTBC ရှေ့မှာ တွေ့မြင်ခဲ့ရပါတယ်။

သူမတို့ဟာ Knowing Bros အစီအစဉ်ကို လာရောက်ရိုက်ကူးတာဖြစ်ပြီး ကျောင်းဝတ်စုံ တော်တောက်ပြောင်ပြောင်နဲ့ ပေါ်လွင်နေခဲ့တာပါ။

ဒါပေမဲ့ သူမတို့ရဲ့ ဝတ်စုံတွေကို အနီးကပ်တွေ့မြင်အပြီးမှာတော့ ပရိသတ်တွေက Stylist ကို ဝေဖန်ခဲ့ကြပါတယ်။ ဓာတ်ပုံထဲမှာ Lia နဲ့ Chaeryoung တွေ တွန့်ကြေနေတာကို ပရိသတ်တွေက သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် Chaeryoung ရဲ့ စကတ်ဟာ သိသိသာသာ တွန့်ကြေနေတာကို ဓာတ်ပုံထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Stylist တွေအနေနဲ့ ပရော်ဖက်ရှင်နယ်မဆန်ဘူးလို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြတာပါ။

“သူတို့တွေဟာ အလုပ်ကို ကောင်းကောင်း မလုပ်ဘူးလား” “Stylist တစ်ယောက်အနေနဲ့ ငါတောင်ဒီထက်ပိုကောင်းအောင ်လုပ်နိုင်ပါတယ်” “ဒါက ရှက်စရာပါ။ JYP အနေနဲ့ အမြန်ဆုံး အလုပ်ထုတ်ပစ်ရမယ်” စသဖြင့် ဝေဖန်ခဲ့ကြပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page