K pop

■ Season 3 မှာ မထင်မှတ်ထားတဲ့ လှည့်ကွက်တွေ ပိုမိုပါဝင်လာမယ်လို့ Penthouse ထုတ်ပြန်

– – -ဘယ်လို ထင်မှတ်မထားတဲ့ လှည့်ကွက်တွေ ပါဝင်လာမလဲဆိုတာကတော့…

ဧပြီလ (၂၂) ရက်နေ့မှာ Penthouse ဇာတ်လမ်းတွဲ Season 3 အတွက် ဇတ်ညွှန်းဖတ် အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

Penthouse ထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေဟာ အတူတကွ ဇာတ်ညွှန်းဖတ်ခဲ့ပြီး Season 3 ရဲ့ အစ (၃) ပိုင်းစာလောက် ဇာတ်ညွှန်းက ပြည့်စုံနေပြီလို့ သိရပါတယ်။

Season 3 အတွက် ရိုက်ကူးရေးကို ဧပြီလ (၂၅) ရက်နေ့မှာ စတင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Production အဖွဲ့ကတော့ Season 3 ဟာ မထင်မှတ်ထားတဲ့လှည့်ကွက်တွေ ပိုမိုပါဝင်လာမယ်လို့ ထုတ်ပြန်ထားပါတယ်။

Penthouse ဇာတ်လမ်းတွဲတစ်လျှောက် ဇာတ်ရှိန်အမြင့်ဆုံး ဖြစ်လာမယ်လို့လည်း သိရပြီး ဇွန်လအတွင်းမှာ စတင်ထုတ်လွှင့်သွားဖို့ စီစဉ်ထားလျက်ရှိနေပါတယ်။

နဂိုကတည်းက ဇာတ်ရှိန်မြင့်မြင့်နဲ့ ပရိသတ်ကို အဖမ်းစားနိုင်ဆုံး Penthouse ဇာတ်လမ်းတွဲကတော့ Season 3 မှာ ဘယ်လိုထင်မှတ်မထားတဲ့ လှည့်ကွက်တွေ ပါဝင်လာမလဲဆိုတာကတော့ ရင်ခုန်စွာ စောင့်ကြည့်ရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page