K pop

■ ကမ္ဘာကျော်အမှတ်တံဆိပ် Louis Vuitton ရဲ့ Ambassadors ဖြစ်လာတဲ့ BTS

– – -BTS အနေနဲ့ နောက်ထပ် ဂုဏ်ယူစရာတစ်ခုကို…

ဧပြီလ (၂၃) ရက်နေ့က ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Louis Vuitton က BTS အဖွဲ့ကို House Ambassadors အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက် ထုတ်ပြန်ရာမှာ Louis Vuitton က BTS အဖွဲ့ကို Pop Icon တွေလို့ သုံးနှုန်းခဲ့ပြီး ကမ္ဘာတစ်လှမ်း BTS ရဲ့ လွှမ်းမိုးနိုင်မှုကိုလည်း ထည့်သွင်း ချီးကျူးခဲ့ပါတယ်။ RM.RM, Jin, Suga, J-Hope, Jimin, V နနဲ့ Jungkook တို့ကို ကြိုဆိုခွင့်ရတဲ့အတွက် ကျေနပ်မိကြောင်းလည်း Louis Vuitton က ဆိုခဲ့ပါတယ်။

BTS ဟာ Louis Vuitton နဲ့ လက်တွဲခဲ့တာ အခုမှ မဟုတ်ပါဘူး။ (၆၃) ကြိမ်မြောက် GRAMMY ဆုပေးပွဲမှာတုန်းက BTS ဟာ Louis Vuitton အမှတ်တံဆိပ်ကို ခေါင်းအစ၊ ခြေအဆုံး ဝတ်ဆင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း Dynamite သတင်းစာရှင်းလင်းပွဲမှာလည်း BTS အဖွဲ့ဝင်တွေက သူတို့ရဲက အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ပုံရိပ်တွေကို Louis Vuitton ဘက်က လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page