K pop

■ ဧပြီလ Singer Brand Reputation Rankings မှာ ဘယ်သူတွေရပ်တည်ခဲ့သလဲ

— လစဉ်ထုတ်ပြန်နေကြဖြစ်တဲ့ ဧပြီလ Singer Brand Reputation Rankings တွေထွက်ပေါ် လာခဲ့ပြီဖြစ်ပြီး ဘယ်သူတွေ ထိပ်ဆုံးက ဦးဆောင်ခဲ့သလဲဆိုတာ…

Korean Business Research Institute က ထုတ်ပြန်တဲ့ မတ်လ Singer Brand Reputation Rankings မှာတော့ BTS ၊ Brave Girl နဲ့ IU တို့က ရပ်တည်ခဲ့ပြီး လစဉ်တိုင်း Top 3 ဝင်ခဲ့တဲ့ Trot Singer Im Young Woong က နံပါတ်(4)ဆင်းသွားခဲ့ပါတယ်။

Korean Business Research Institute ဟာ မတ်လ 24 ရက်နေ့ကနေ ဧပြီလ 24ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံရှိ Music Singer တွေရဲ့ ကြော်ငြာရိုက်ရမှုတွေ၊ မီဒီယာပေါ်မှာ ပရိသတ်တွေကို လွှမ်းမိုးနိုင်မှု၊ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ကာ တစ်လအတွင်း လူကြိုက် အများဆုံး ဒီစာရင်းကို ထုတ်ပြန်တာလည်းဖြစ်ပါတယ်။

Singer စာရင်းရဲ့ ထိပ်ဆုံးမှာ ဦးဆောင်ခဲ့တဲ့ ကမ္ဘာကျော် K-pop အဖွဲ့ BTS ဟာ Reputation Index (11,813,702) ရရှိခဲ့ပါတယ်။ BTS ရဲ့ နောက် ဒုတိယနေရာမှာရပ်တည်ခဲ့တဲ့ Brave Girl အဖွဲ့က Reputation Index (9,469,573) ရရှိခဲ့သလို IU က Reputation Index (8,446,827) ရရှိခဲ့ကာ နံပါတ် 3 မှာရပ်တည်ခဲ့ပါတယ်။

ဧပြီလအတွက် Singer Brand Reputation Rankings (30)စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

1# BTS ၊ 2# Brave Girls ၊ 3# IU ၊ 4# Im Young Woong ၊ 5# SG Wannabe ၊ 6# Young Tak ၊ 7# BLACKPINK ၊ 8# Lee Chan Won ၊ 9# BLACKPINK’s Rosé ၊ 10# Kang Daniel

11# NCT ၊ 12# SEVENTEEN ၊ 13# Kim Hee Jae ၊ 14# MAMAMOO’s Hwasa ၊ 15# Jung Dong Won ၊ 16# TWICE ၊ 17# GFRIEND ၊ 18# IZ*ONE ၊ 19# EXO ၊ 20# Ladies’ Code’s Sojung

21# Jessi ၊ 22# Jang Min Ho ၊ 23# Red Velvet ၊ 24# MAMAMOO ၊ 25# Song Ga In ၊ 26# EXO’s Baekhyun ၊ 27# (G)I-DLE ၊ 28# Oh My Girl ၊ 29# Red Velvet’s Joy ၊ 30# Girls’ Generation’s Taeyeon

-m2t
Ref: Soompi

You cannot copy content of this page