K pop

■ THE SHOW မှာ အပိတ်သီချင်းဆိုနေစဉ် အသံကွဲအက်မှုကြောင့် Kang Daniel ရဲ့ ကျန်းမာရေးအခြေအနေကို ပရိသတ်တွေ စိုးရိမ်

— -Kang Daniel ရဲ့ ကျန်းမာရေးအခြေအနေကို ပရိသတ်တွေက…

ဧပြီ (၂၀) ရက်နေ့က Kang Daniel ဟာ THE SHOW မှာ သူ့ရဲ့ Antidoteသီချင်းအတွက် ပထမဆုံးဆုရခဲ့ပါတယ်။

ဆုလက်ခံရယူစကားပြောဆိုအပြီးမှာတော့ Kang Daniel ဟာ Encore Stage ကို ဖျော်ဖြေတင်ဆက်ခဲ့တာပါ။ အဲဒီမှာ Kang Daniel ဟာ သူ့အကသမားတွေနဲ့အတူတူ ဖျော်ဖြေတင်ဆက်မှု ပြုလုပ်ခဲ့ပါတယ်။

သီချင်းစစချင်းမှာပဲ Kang Daniel တစ်ယောက် အသံကွဲအက်သွားခဲ့တာကို ပရိသတ်တွေက သတိပြုမိခဲ့ကြပါတယ်။ ဒါကိုတွေ့မြင်ပြီးနောက်မှာတော့ ပရိသတ်တွေက Kang Daniel ရဲ့ ကျန်းမာရေးအခြေအနေကို စိတ်ပူခဲ့ပြီး အနားယူဖို့ တိုက်တွန်းခဲ့ပါတယ်။

Kang Daniel ဟာ Antidote သီချင်းကို ဧပြီလအတွင်း ထုတ်ဝေခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားလျက် ရှိနေပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page