K pop

■ သမီးလေးရဲ့ ပထမဆုံးမွေးနေ့ပွဲကို ကျင်းပခဲ့တဲ့ Chen

—- EXO အဖွဲ့ဝင် Chen ဟာ သမီးလေးရဲ့ ပထမဆုံးမွေးနေ့ပွဲကို ဇိမ်ခံဟိုတယ်မှာကျင်းပခဲ့…

ကိုရီးယားမီဒီယာ Sports Kyunghyang ရဲ့ ဖော်ပြချက်အရ Chen နဲ့ မိသားစုဟာ The Shilla Seoul ဇိမ်ခံဟိုတယ်မှာ သမီးလေးရဲ့ ပထမဆုံးမွေးနေ့ပွဲကို ကျင်းပခဲ့တာလို့ သိရပါတယ်။

Chen ဟာ သမီးလေးရဲ့မွေးနေ့ပွဲပါတီကို ကိုရီးယားရိုးရာပါတီပြုလုပ်ခဲ့တာဖြစ်ပြီး သူနဲ့ဇနီးတို့ဟာ ကိုရီး ယားရိုးရာအကျီ ၤHanbok ကို ဝတ်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ပါတီကို အကျဉ်းခြုံးပြုလုပ်ခဲ့တာဖြစ်ပြီး မိသားစုတွေပဲဆင်နွှဲခဲ့တာဖြစ်ပါတယ်။ Chen ဟာ လက်ရှိအချိန် စစ်မှုတာဝန်ထမ်းဆောင်နေပေမယ့် ခွင့်အားလပ်ရက်ရရှိပြီး သမီးလေးကို မွေးနေ့ပါတီလုပ်ပေးခဲ့တာဖြစ်ပါတယ်။

Chen ရဲ့ သမီးလေးဟာ 2020 ခုနှစ် ဧပြီလမှာ မွေးဖွားခဲ့တာပါ။ EXO အဖွဲ့ဝင် Chen ဟာ 2020 ခုနှစ် ဇန်နဝါရီလမှာ လက်ထပ်မှုကို တရားဝင်ကြေညာခဲ့တာဖြစ်ပြီး အချို့ပရိသတ်တွေရဲ့ ဝေဖန်မှုကို အပြင်းအထန်ခံခဲ့ရသူဖြစ်ပါတယ်။

-m2t
Ref: Koreaboo

 

You cannot copy content of this page