K pop

■ YouTube Views သန်း 900 ပြည့် MV (6)ခုမြောက်ကို ပိုင်ဆိုင်ခဲ့တဲ့ BTS

—- BTS အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ဟာ YouTube Views သန်း 900 ပြည့်တဲ့ မိုင်တိုင်ကိုရောက်ရှိခဲ့ပြန်..

BTS အဖွဲ့ဟာ ဒီ ဧပြီလထဲမှာပဲ YouTube Views သန်း (900)ပြည့်တဲ့ MV (3)ခုမြောက်ကို ပိုင်ဆိုင် နိုင်ခဲ့ပြန်ပြီလို့ သိရပါတယ်။

ဧပြီလ 25 ရက်နေ့ ကိုရီးယားစံတော်ချိန် 5:59 AM မှာ BTS အဖွဲ့ရဲ့ “IDOL” MV ဟာ YouTube Views သန်း 900 ပြည့်တဲ့ မိုင်တိုင်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ “IDOL” MV ဟာ “DNA,” “Boy With Luv,” “Dynamite,” “Fake Love,” နဲ့ “MIC Drop (Steve Aoki Remix).” တို့ပြီးရင် YouTube Views သန်း 900 ပြည့်တဲ့ BTS အဖွဲ့ရဲ့ (၆)ခုမြောက် MV တစ်ပုဒ်လည်းဖြစ်လာခဲ့ပါတယ်။

BTS အဖွဲ့ဟာ “IDOL” MV ကို 2018 ခုနှစ်၊ သြဂုတ်လ 24 ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တာဖြစ်လို့ Views သန်း 900 ပြည့်တဲ့မိုင်တိုင်ကိုရောက်ရှိဖို့ 2 နှစ်၊ ၈လကြာမြင့်ခဲ့တာလည်းဖြစ်ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page