— အဆိုတော် NAVI ဟာ ကမ္ဘာကျော် Handsome ကြီး V ရဲ့ ချောမောမှုကို ရွေးချယ်ခဲ့တာဖြစ်…
နာမည်ကျော် ကိုရီးယား Ballad Singer ၊ DJ တစ်ဦးဖြစ်တဲ့ NAVI ဟာ မကြာသေးခင်က BNTNEWS နဲ့အင်တာဗျူးပြုလုပ်ခဲ့ပြီး အဲဒီမှာ V ရဲ့ ချောမောမှုကို သဘောကြလို့ ကိုယ်ဝန်ဆောင်နေစဉ်အတောအ တွင်း ဓါတ်ပုံကို နေ့စဉ်ကြည့်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံရှိ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း Prenatal Care လို့ခေါ်တဲ့ ရိုးရာယဉ်ကျေးမှုအယူအဆတချို့ကို ပြုလုပ်လေ့ရှိကြပါတယ်။ ကိုယ့် ရင်သွေးလေးကို အကောင်းဆုံးဖြစ်စေချင်တဲ့ မိဘတွေရဲ့ စိတ်လည်းဖြစ်ပြီး ချောမောလှပတဲ့ Cele တွေရဲ့ ဓါတ်ပုံတွေကို နေ့စဉ်ကြည့်ခြင်းအားဖြင့် ကလေးငယ်တွေလည်း အဲဒီလိုဖြစ်နိုင်တယ်လို့ ယုံ ကြည်တဲ့ မိဘတွေရဲ့ မေတ္တာဖြစ်ပါတယ်။
NAVI ဟာ ကမ္ဘာကျော် Handsome ကြီး V ရဲ့ ချောမောမှုကို ရွေးချယ်ခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင် နေစဉ်မှာ ဓါတ်ပုံကို နေ့စဉ်ကြည့်ခဲ့တာလို့ ဖွင့်ဟခဲ့တာပါ။
V ရဲ့ ချောမောကိုတော့ ပရိသတ်အားလုံးက လက်ခံထားတာဖြစ်ပြီး နှစ်တိုင်းလည်း ကမ္ဘာအချောဆုံး Cele အမျိုးသားစာရင်းတွေမှာလည်း ခဏခဏပါဝင်တာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း V ဟာ SBS Medianet ရဲ့ Visual Representative of K-pop သရဖူကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။
-m2t
Ref: Allkpop