K pop

■ (၃) နှစ်အကြာမှာ ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးတော့မဲ့ Joy

– – – ၂၀၁၈ ခုနှစ်နောက်ပိုင်းဇာတ်လမ်းတွဲတွေနဲ့ ဝေးကွာနေတဲ့ Red Velvet အဖွဲ့ဝင် Joy ဟာ…

Red Velvet အဖွဲ့ဝင် Joy ဟာ JTBC က ထုတ်လွှင့်မဲ့ Only One Person ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

SPOTV ရဲ့ ဖော်ပြချက်အရ Joy ဟာ အဲဒီဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီး နေရာကနေ ပါဝင်သွားမယ်လို့ သိရပါတယ်။ အဲဒီဇာတ်လမ်းတွဲထဲမှာ Joy ဟာ နေမကောင်းဖြစ်နေတဲ့ Influencer Seong Mi Do နေရာကနေ ပါဝင်သရုပ်ဆောင်သွားရမှာပါ။

သူမဟာ တစ်တစ်ယောက်ကို သတ်ပေးဖို့ ကတိပေးခဲ့ပြီး သူမဘဝအတွက် အဖိုးတန်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ ၂၀၁၈ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ Tempted နောက်ပိုင်း Joy ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲလည်း ဖြစ်လာမှာပါ။ Joy ဟာ ၂၀၂၀ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ Hospital Playlist တစ်ပုဒ် သီဆိုပေးခဲ့ပါသေးတယ်။

Only One Person ဇာတ်လမ်းတွဲကို သြဂုတ်လအတွင်း စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ နှောင်းပိုင်းမှာ ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page