K pop

■ ဖြူစင်တဲ့ နှလုံးသား၊ နှိမ့်ချတတ်တဲ့ စိတ်ထားကို ပြသလိုက်တဲ့ BTS Jin

– – – ဒါကို ဖတ်ကြည့်မယ်ဆိုရင်တော့ Jin ဟာ ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုစိတ်ထားရှိလဲဆိုတာ သိရမှာ ဖြစ်ပါတယ်။

Instagram မှာ တင်ခဲ့တဲ့ ပရိသတ်ကောင်မလေးတစ်ယောက် Post တစ်ခုက ပေါက်သွားခဲ့ပါတယ်။

အဲဒီကောင်မလေး Post က BTS အဖွဲ့ဝင် Jin နဲ့ သူမဦးလေးတို့ ဆုံတွေ့ခဲ့ပြီး ဦးလေးဖြစ်သူက Jin လက်မှတ်ကို တောင်းပေးခဲ့တာကို တင်ထားတာပါ။

သူမရဲ့ Post ကတော့ “ကျွန်မက ကနေဒါမှာ ကျောင်းတက်နေတဲ့ အထက်တန်းကျောင်းသူတစ်ဦးပါ။ ကျွန်မ BTS ကို အားပေးလာတာ (၂) နှစ်ကျော်လောက် ရှိပါပြီ။ BTS အဖွဲ့ဝင်တွေရဲ့ လက်မှတ်ကို ရဖို့က ကျွန်မရဲ့ အိပ်မက်ပါ။ ဒါကို ကျွန်မဦးလေးက ကောင်းကောင်းသိပါတယ်။ ကံကောင်းတာက မကြာခင်က Jin ရဲ့ လက်မှတ်ကို ကျွန်မ ရရှိခဲ့ပါတယ်”

“BTS အဖွဲ့က ဘယ်လောက်အလုပ်များပြီး ပင်ပန်းတယ်ဆိုတာ ကျွန်မကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့် ကျွန်မ ဦးလေးနဲ့ တွေ့တဲ့အချိန်မှာ Jin အနေနဲ့ လက်မှတ်ထိုးပေးဖို့ တောင်းဆိုချိန်မှာ အလွယ်တကူငြင်းလိုက်လို့ ရပါတယ်။ ဒါပေမဲ့ Jin က တုံ့ဆိုင်းမနေဘဲ တူမလေး(ကျွန်မအတွက်) လက်မှတ်ထိုးပေးဖို့ တောင်းဆိုတဲ့ ဦးလေးကို လက်မှတ်ထိုးပေးခဲ့ပါတယ်။ ဒါ့အပြင် ဦးလေးကို ခဏခဏ ခေါင်းညွှတ်ရင်း နှုတ်ဆက်နေလို့ ဦးလေးတောင် အတော်အားနာခဲ့ရတယ်လို့ ဆိုပါတယ်။ ကျွန်မဦးလေးကတော့ Jin ရဲ့ လူကြီးအပေါ် လေးစားမှု၊ နိမ့်ချတတ်မှုတွေကို ကြည့်ရင်း သူလို Worldwide Star တွေ လောကမှာ အများကြီး လိုတယ်လို့ ပြောဆိုခဲ့ပါတယ်”ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ဒါကို ကြည့်ပြီးတော့ ARMY တွေကတော့ Jin ကို အပြင်မှာ တွေ့ချင်စိတ်တွေပြင်းပြနေပြီး Jin ရဲ့ နိမ့်ချတတ်မှုနဲ့ ဖြူစင်မှုတွေကို ARMY တွေက ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။

— ဃဲ
Ref: KStarLive

You cannot copy content of this page