K pop

■ လူတိုင်းအားကျရတဲ့ Sana နဲ့ Momo တို့ရဲ့သူငယ်ချင်းဆက်ဆံရေး

– – – သူတို့လို နွေးထွေးမှုမျိုး လူတိုင်းလိုချင်ကြပါလိမ့်မယ်။

TWICE အဖွဲ့ဝင် (၉) ယောက်စလုံးရဲ့ တစ်ဦးပေါ်တစ်ဦး ချစ်ခင်မြတ်နိုးမှုစည်းရိုးက ခိုင်မြဲလွန်းပါတယ်။

အခုဖော်ပြမှာက TWICE အဖွဲ့ဝင်တွေအနေနဲ့ အကုန်လုံးနွေးထွေးတဲ့ ဆက်ဆံရေးမရှိဘူးလို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ Sana နဲ့ Momo ကြားက နွေးထွေးလှတဲ့ ဆက်ဆံရေးကို ဖော်ပြလိုတာဖြစ်ပြီး ဒါကပရိသတ်တွေကို မနာလိုတိုရှည် ဖြစ်စေပါလိမ့်မယ်။

Sana ဟာ Momo နဲ့အတူ Gyeonggi-do မှာ လျှောက်လည်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင်မှာ Sana နဲ့ Momo တို့နှစ်ဦးစလုံးဟာ lollipop လေး ကိုယ်စီစုပ်ရင်း နှစ်ယောက်သား တခစ်ခစ် အူမြူးနေခဲ့ကြတာ ဖြစ်ပါတယ်။

အခြားဗီဒီယိုဖိုင်တစ်ခုမှာတော့ သူတို့နှစ်ဦးဟာ အပန်းဖြေလမ်းလျှောက်ထွက်ရင်း ဘဘာဝပတ်ဝန်းကျင်ကို ခံစားခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်ယောက်သား ပြုံးပြုံးရွှင်ရွှင် တပူးပူး၊ တတွဲတွဲနဲ့ လမ်းလျှောက်နေတာကြောင့် သူတို့မျက်နှာမှာ ကြည်နူးမှုတွေ ဝေဖြာနေပြီး တစ်စက်ကလေးမှ ပင်ပန်းပုံမရှိပါဘူး။

Sana နဲ့ Momo တို့ရဲ့ခရီးသွားပုံကိုကြည့်ရင် ပရိသတ်တွေဟာ ငါတို့လည်း ဒီလို Friendship မျိုးလိုချင်လိုက်တာဆိုပြီး တောင့်တခဲ့ကြတာဖြစ်ပါတယ်။

– ဃဲ
Ref: Koreaboo

You cannot copy content of this page