K pop

■ (၁၁) နှစ်ကြာ လက်တွဲလာခဲ့တဲ့ Running Man နဲ့ Lee Kwang Soo လမ်းခွဲ

– – – ဒါဟာ Runner တွေအတွက်တော့ မကြားချင်တဲ့ စကားတစ်ခွန်း၊ မကြုံချင်တဲ့ နေ့တစ်နေ့…

Prince of Asia လို့ အမည်တွင်တဲ့ Lee Kwang Soo ကတော့ (၁၁) နှစ်ကြာ လက်တွဲလာခဲ့တဲ့ Running Man အစီအစဉ်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

ဧပြီလ (၂၇) ရက်နေ့ နံနက်ပိုင်း Lee Kwang Soo ရဲ့အေဂျင်စီ KINGKONG by STARSHIP က Lee Kwang Soo အနေနဲ့ Running Man အစီအစဉ်ကနေ နှုတ်ဆက်တော့မဲ့အကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

တခြား Running Man အဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေနဲ့ ဆွေးနွေးပြီးနောက်မှာ Lee Kwang Soo အနေနဲ့ ဒီဆုံးဖြတ်ချကိကို ခက်ခက်ခဲခဲချမှတ်ခဲ့ရကြောင်း၊ ၂၀၂၀ ခုနှစ်အတွင်း ဖြပ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုကနေ ရရှိခဲ့တဲ့ ခြေချင်းဝတ်ဒဏ်ရာကို အာရုံစိုက်ဖို့အတွက် ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။

“Lee Kwang Soo ဟာ SBS ရဲ့ Running Man အစီအစဉ်ကနေ နှုတ်ဆက်တော့ဖြစ်ကြောင်း၊ မေလ (၂၄) ရက်နေ့မှာ ရိုက်ကူးမဲ့ အပိုင်းမှာ Running Man မှာ Lee Kwang Soo ရဲ့ နောက်ဆုံးအပိုင်းဖြစ်လာမှာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့နှစ်အတွင်း ယာဉ်မတော်တဆမှုကနေ Lee Kwang Soo ဟာ ခြေချင်းဝတ်ဒဏ်ရာ ခံစားခဲ့ရကြောင်း၊

Lee Kwang Soo ဟာ တခြားအဖွဲ့ဝင်တွေနဲ့ အချိန်တော်တော်ကြာ ဆွေးနွေးပြီးနောက် ဒဏ်ရာကို ပြန်လည်သက်သာဖို့ အာရုံစိုက်ချင်လို့ ခေတ္တအနားယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ (၁၁) နှစ်ကြာ လက်တွဲလာခဲ့တဲ့ မိသားစုတစ်ခုကို နှုတ်ဆက်ရတာဖြစ်တဲ့အတွက် Lee Kwang Soo အတွက် လုံးဝမလွယ်ကူခဲ့ကြောင်း၊ အခြေအနေ ကောင်းမွန်လာပါက Lee Kwang Soo အနေနဲ့ ဖန်သားပြင်ပေါ်ကို ပြန်ရောက်လာနိုင်ကြောင်း KINGKONG by STARSHIP ရဲ့ ထုတ်ပြန်ချက်ချက်ထဲမှာ ပါရှိပါတယ်။

Lee Kwang Soo ဟာ Running Man အစီအစဉ် စတင်ရိုက်ကူးတဲ့ ၂၀၁၀ ခုနှစ်ကတည်းက ပါဝင်လာခဲ့တဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဂယ်ရီနောက်ပိုင်း Running Man ကို နှုတ်ဆက်တဲ့ ပထမဆုံးအဖွဲ့ဝင်လည်း ဖြစ်ခဲ့ပါတယ်။

ဒါဟာ Runner တွေအတွက်တော့ မကြားချင်တဲ့ စကားတစ်ခွန်း၊ မကြုံချင်တဲ့ နေ့တစ်နေ့လို့ ဆိုရမှာပါ။ အမြဲတမ်း တလွဲတွေပဲ လုပ်နေတတ်ပြီး ပရိသတ်တွေကို ပျော်ရွှင်စေသူ၊ သစ်ကုလားအုတ်ရယ်လို့ အမည်တွင်သူ Lee Kwang Soo မပါတော့မဲ့ Running man အစီအစဉ်ဟာ အဖွဲ့ဝင်တွေက်ရော၊ ပရိသတ်တွေအတွက်ပါ ဟာတာတာနိုင်နေမှာ သေချာပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page