K pop

■ Wonder Girls အဖွဲ့ဝင်တွေ တခြား Stage Name နဲ့ ပွဲထွက်ဖို့ နီးစပ်ခဲ့တဲ့အကြောင်း Sunmi ထုတ်ဖော်

– – – အစောပိုင်းတုန်းက Wonder Girls အဖွဲ့ဝင်တွေဟာ သူတို့ရဲ့နာမည်တွေနဲ့ မဟုတ်….

KBS 2TV ရဲ့ Come Back Home အစီအစဉ်မှာ ဧည့်သည်အဖြစ်ပါဝင်စဉ်က Sunmi ဟာ Wonder Girls အဖွဲ့အကြောင်း တစ်စိတ်တစ်ပိုင်း ဖွင့်ဟခဲ့ပါတယ်။

စစချင်း Sunmi က သူမအနေနဲ့ SM ကို Audition အရင်ဝင်ခဲ့တာဖြစ်ကြောင်း၊ ဒါပေမဲ့ SM ဝန်ထမ်းက JYP ကိုလည်း Audition ဝင်ဖို့ တိုက်တွန်းခဲ့ကြောင်း၊ သူမရဲ့ ရွေးချယ်မှု မှန်ခဲ့ပေမဲ့ SM ကို ပိုပြီး သွားချင်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အဲဒီနောက် Sunmi က Wonder Girls အဖွဲ့ဝင်တွေအနေနဲ့ စစချင်းတုန်းက တခြား Stage Name တွေနဲ့ ပွဲထွက်လုနီးပါးဖြစ်ခဲ့တယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

“Park Jin Young က ကျွန်မတို့အတွက် တခြား Stage Name တွေ ရွေးပေးခဲ့ပါတယ်။ ကျွန်မက Berry, Sohee က IC, Yeeun က Silver ပေါ့။ ဒါပေမဲ့ ကျွန်မတို့က ဒီနာမည်တွေကို မကြိုက်ပါဘူး”လု့ိ Sunmi က ဖွင့်ဟခဲ့ပါတယ်။

ကံကောင်းတာက Wonder Girls အဖွဲ့ဝင်တွေက သူတို့ရဲ့ နာမည်ရင်းနဲ့ပဲ ပွဲထွက်ခွင့် ရခဲ့ကြပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page