K pop

■ Rosé ရဲ့ Solo ကို BLACKPINK အဖွဲ့ဝင်တွေ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ

– – – Rose’ ရဲ့ Solo သီချင်းကို ကြားလိုက်ရချိန်မှာ BLACKPINK အဖွဲ့ဝင်တွေက..

BLACKPINK အဖွဲ့ဝင် Rose’ ဟာ ၂၀၂၁ ခုနှစ်အတွင်း တစ်ကိုယ်တော် ပွဲထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တလောက The Project နဲ့ အင်တာဗျူးအစီအစဉ်မှာတော့ Rose’ဟာ သူမရဲ့ Solo သီချင်းတွေဖြစ်တဲ့ On The Ground” နဲ့“Gone” တို့အပေါ် BLACKPINK အဖွဲ့ဝင်တွေ ဘယ်လိုတုံ့ပြန်သလဲဆိုတာ ဖွင့်ဟခဲ့ပါတယ်။

Rose’ရဲ့Solo သီချင်းကို BLINK တွေသာမက BLACKPINK အဖွဲ့ဝင်တွေပါ ကြိုက်နှစ်သက်ကြတာ တွေ့ရပါတယ်။ အဲဒီသီချင်းတွေကို ကြားလိုက်ရချိန်မှာ Jisoo က အလွန်ထောက်ပံ့ကြောင်း၊ ဒါက သူ့အကြိုက် သီချင်းလို့ ပြောဆိုခဲ့ကြောင်း Rose’ ကဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် တခြားအဖွဲ့ဝင်တွေကလည်း အလွန်ကြိုက်နှစ်သက်မှုရှိခဲ့ကြောင်း၊ ဒီသီချင်းတွေဟာ ပျော်စရာကောင်းတယ်လို့ မှတ်ချက်ပြုခဲ့ပြီး အဖွဲ့ဝင်တွေက အလွန်စိတ်လှုပ်ရှားခဲ့ကြကြောင်း Rose’ က ဆိုခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page