K pop

■ BIGBANG ရဲ့ Facebook profile picture ကို မြင်ပြီးနောက် Comeback အတွက် ပရိသတ်များ စိတ်ခုန်

— – – FB မှာ တင်ခဲ့တဲ့ profile picture အရ သူတို့ဟာ …

ဧပြီလ (၂၅)ရက်မှာ BIGBANG ရဲ့ official Facebook Page က အဖွဲ့ဝင် (၅)ဦးစလုံး ပါဝင်တဲ့ profile picture ကို တင်ခဲ့ပါတယ်။ ပြဿနာတွေကြောင့် အဖွဲ့က နုတ်ထွက်ခဲ့တဲ့ Seungri ရဲ့ ပုံရိပ်ပါ BIGBANG ရဲ့ Facebook profile picture မှာ ပါဝင်လာတာပါ။

ဒါက BIGBANG ရဲ့ official Facebook Page မှာ (၈)နှစ်ကျော်ကြာပြီးနောက်မှာ ပထမဆုံးအကြိမ် လဲခဲ့တဲ့ profile picture ဖြစ်တယ်လို့လည်း သိရပါတယ်။

ပရိသတ်တွေကတော့ အခု profile picture တင်ခဲ့တာက BIGBANG အဖွဲ့အနေနဲ့ အဖွဲ့ဝင် (၅)ဦးအပြည့်အစုံနဲ့ Comeback လုပ်ဖို့ ဖြစ်တယ်လို့ ယူဆနေကြပါတယ်။

သိပ်မကြာခင်ကပဲ BIGBANG အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ G-Dragon ဟာ BIGBANG အဖွဲ့အတွက် သီချင်းသစ်တွေကို ရေးစပ်နေပြီလို့လည်း ပြောဆိုခဲ့တာပါ။

Seungri ဟာ ၂၀၁၉ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့တဲ့ Burning Sun club scandal ကြောင့် အခုအချိန်ထိ စစ်ဆေးခံနေရဆဲဖြစ်ပေမဲ့ အပြစ်မရှိကြောင်း တရားရုံစစ်ဆေးမှုတွေမှာ အဖြေထွက်နေခဲ့တာပါ။

Ref: AKP

You cannot copy content of this page