Cele

■ ပြဿနာတက်နေတဲ့ Seo Ye Ji ရဲ့ ဇာတ်ကားကို K Netizen တွေ ဘယ်လိုမြင်လဲ

— – – Seo Ye Ji ရဲ့ဇာတ်ကားအပေါ် ကိုရီးယားတွေရဲ့ အမြင်ကတော့ …

ဧပြီလအစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ ပြဿနာတွေကြောင့် ဝေဖန်မှုတွေရဲ့ ရင်ဆိုင်နေရတဲ့ Seo Ye Ji ရဲ့ ဇာတ်ကားသစ် Recalled က ဘယ်လိုအနေအထားမျိုး ရှိပါသလဲ။

ချစ်သူဟောင်းအပေါ် စေခိုင်းမှုအပြင် ကျောင်းတွင်းအရှုပ်တော်ပုံတွေကြောင့် Seo Ye Ji ဟာ အတော်လေးအခက်တွေ့ခဲ့ရပြီး ကြော်ငြာတွေ တော်တော်များများ သူနဲ့ လက်တွဲဖြုတ်ခဲ့တာတွေလည်း ရှိပါတယ်။

ဒါပေမဲ့ Seo Ye Ji ရဲ့ ဇာတ်ကားသစ် Recalled ကတော့ အောင်မြင်မှုတွေ ရရှိနေပြီး ကိုရီးယား Box Office မှာ နံပါတ် (၁) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပရိသတ်တွေကလည်း အဲဒီဇာတ်ကားမှာ Seo Ye Ji ရဲ့ သရုပ်ဆောင်မှုတွေကို ချီးကျူးခဲ့ကြသလို၊ ဇာတ်ကားဟာ ဇာတ်လမ်း၊ ဇာတ်အိမ်တွေ တော်တော်လေးကောင်းတယ်လို့လည်း မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

Ref: AKP

You cannot copy content of this page