K pop

■ သင်တန်းသားဘဝအစတုန်းက များစွာငိုခဲ့ရကြောင်း ဖွင့်ဟခဲ့တဲ့ BTS အဖွဲ့ဝင်

— – – အောင်မြင်မှုဆီ လျှောက်တဲ့လမ်းဟာ ခက်ခဲမှုတွေ၊ မျက်ရည်တွေနဲ့ ခင်းထား …

K-Pop Traniee ဖြစ်ရခြင်းက လွယ်ကူတဲ့အရာတစ်ခု မဟုတ်ဘူးဆိုတာကို K-Pop ကို ထဲထဲဝင်ဝင် လေ့လာကြတဲ့ ပရိသတ်တိုင်း သိကြပါတယ်။

နာမည်ကျော် BTS အဖွဲ့ဝင် V ကတော့ သူ့အနေနဲ့ သင်တန်းသားဘ၀ အစပိုင်းတုန်းက များစွာငိုခဲ့ရကြောင်း tvN ရဲ့ You Quiz On The Block အစီအစဉ်မှာ ပါဝင်တုန်းက ဖွင့်ဟခဲ့တာပါ။

V က Big Hit မှာ သင်တန်းသားဘဝတုန်းက သူနဲ့အတူ သင်တန်းသားအဖြစ် လေ့ကျင့်ခဲ့သူ များစွာရှိခဲ့ကြောင်း၊ သူတို့ဟာ Dorm မှာ အတူတူနေထိုင်၊ လေ့ကျင့်ရင်း သံယောဇဉ်များစွာ တွယ်ခဲ့ရကြောင်း ပြောပါတယ်။

ဆက်ပြီးတော့ V က “အဲဒီတုန်းကတော့ ကုမ္ပဏီကို လာခဲ့ဆိုတဲ့ စကားက ကျွန်တော်တို့အတွက် အရမ်းကို ခက်ခဲတဲ့အရာပါ။ အဲဒီလို အခေါ်ခံရတဲ့လူက ပြုတ်ပြီလေ။ သင်တုန်းသားဘဝတုန်းက သူငယ်ချင်းတစ်ယောက် အဖြုတ်ခံရတိုင်း ကျွန်တော် ဝမ်းပန်းတနည်း ငိုခဲ့ရပါတယ်။ သူငယ်ချင်းသံယောဇဉ်တွေ တွယ်ပြီးမှဆိုတော့ ပိုဆိုးတာပေါ့”လို့ ဆိုပါတယ်။

လေ့ကျင့်မှုကြာလာတဲ့အခါမှာတော့ V ဟာ သူငယ်ချင်းတွေ ပြုတ်တဲ့အပေါ် ခံနိုင်ရည်ရှိလာပြီး နောက်ပိုင်းမှာတော့ အဖြုတ်ခံရသူတွေကို လက်ဆွဲနှုတ်ဆက်ပြီး မင်းအကောင်းဆုံးလုပ်ခဲ့ပါတယ်လို့ ပြောဆိုလေ့ရှိကြောင်းလည်း ပြောပြခဲ့တာပါ။

Ref: You Quiz On The Block

You cannot copy content of this page