— – – နာမည်ပြောင်များစွာထဲမှာ Lisa အကြိုက်ဆုံးတစ်ခုက ခင်ဗျားတောင် မကြားဖူးလောက် …
BLACKPINK အဖွဲ့ရဲ့ အငယ်ဆုံးလေး Lisa ဟာ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားသူဖြစ်ပြီး အဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေက သူ့ကို ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ နာမည်ပြောင်များစွာ ရှိပါတယ်။
LILI, Humam Vitamin, Ppuppu, Lalisa The Photographer, Gimme A Dollar Lisa Kim Feat. CELINE, Perfect body Proportion, Barbie Doll စတဲ့ နာမည်တွေက Lisa ရဲ့ နာမည်ပြောင်တွေဖြစ်ပြီး ဒီထက်လည်း ရှိသေးတာပါ။
ELLE Korea နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Lisa အနေနဲ့ ဘယ်နာမည်ပြောင်ကို အကြိုက်ဆုံးလဲဆိုတဲ့ မေးခွန်းကို အမေးခံခဲ့ရပါတယ်။ အဲဒီမေးခွန်းကို တုံ့ဆိုင်းခြင်းမရှိဘဲ Lisa က Ppuppu ကို ရွေးခဲ့ပါတယ်။ အကြောင်းကိုလည်း ဒီလိုပဲ ရှင်းပြခဲ့တာပါ။
“Ppuppu ဆိုတဲ့ နာမည်ပြောင်ကို ကျွန်မ ကြိုက်ပါတယ်။ ကျွန်မရဲ့ အရင်နာမည်က Pranpriya လေ။ အဲဒီနာမည်ကို အတိုလုပ်ပြီး Ppuppu လို့ ပရိသတ်တွေက ခေါ်ကြတာပါ။ အဲဒီနာမည်လေးက ချစ်စရာကောင်းတယ်လို့ ကျွန်မ ထင်တယ်။ တစ်ယောက်ယောက်က ဟေး … Ppuppu လို့ ခေါ်လိုက်ရင် ဝါး … မိုက်လိုက်တာဆိုပြီး ကျွန်မ ခံစားရပါတယ်”လို့ Lisa က ဆိုပါတယ်။
Lisa ဟာ BLACKPINK အဖွဲ့မှာ တတိယမြောက် တစ်ကိုယ်တော်ပွဲထွက်မယ့်သူဖြစ်ပြီး လာမယ့်ဇွန်လမှာ Solo Debut လုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Ref: Koreaboo