— – – BIGBANG ဖြစ်ရခြင်းအပေါ် T.O.P ရဲ့ အဖြေက ခင်ဗျားကို ပြုံးရယ်စေမှာ …
Kings of K-Pop လို့ တင်စားခံရတဲ့ BIGBANG အဖွဲ့ဟာ အဖွဲ့ဝင်တစ်ဦးချင်းရဲ့ ကွဲပြားတဲ့ စရိုက်တွေကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တွေကို ပိုပြီးသိမ်းပိုက်နိုင်ပါတယ်။
T.O.P ကို BIGBANG အဖွဲ့မှာ ခပ်တည်တည်နေတတ်သူတစ်ယောက်အဖြစ် မြင်ရတတ်ပေမဲ့ အဖွဲ့ထဲမှာတော့ သူဟာ ညီငယ်တွေ ပျော်ရွှင်ဖို့ အမြဲစနောက်တတ်သူပါ။
တစ်ခါတလေ Variety Show တွေမှာလည်း T.O.P စနောက်တတ်တဲ့ စရိုက်က ပေါ်လာတတ်ပြီး အစီအစဉ်တင်ဆက်သူတွေကိုရော၊ ပရိသတ်တွေကို ပြုံးရယ်စေပါတယ်။
BIGBANG အဖွဲ့ရဲ့ အင်တာဗျူးတစ်ခုမှာ T.O.P ကို BIGBANG ဖြစ်ရတဲ့ အကောင်းဆုံးအချက်ကို ပြောပြပါဆိုပြီး အင်တာဗျူးသမားက မေးမြန်းခဲ့တာပါ။
အဲဒီမေးခွန်းကို T.O.P က “BIGBANG ဖြစ်ရတဲ့ အကောင်းဆုံးအချက်ကတော့ ကျွန်တော်တို့ စားသောက်ဆိုင်တွေ သွားပြီဆိုရင် သူတို့က ကျွန်တော်တို့ မှတ်မိပြီး အစားအသောက်တွေ ပိုကျွေးတာပါပဲ”လို့ ဖြေခဲ့တာ ဖြစ်ပါတယ်။
Ref: RS