K pop

■ ကိုရီးယားနဲ့ သြစတြေးလျရဲ့ နေထိုင်မှု ကွဲပြားချက်ကို ပြောပြခဲ့တဲ့ Rosé

—- Rosé ကိုရီးယားနဲ့ သြစတြေးလျရဲ့ နေထိုင်မှု ကွဲပြားချက်ကို ပြောပြခဲ့ပြီး အချို့အရာတွေကို အရမ်းလွမ်းမိတယ်လို့ဖွင့်ဟခဲ့…

BLACKPINK အဖွဲ့ဝင် Rosé ဟာ မကြာသေးခင်က Australian show The Project မှာပါဝင်ခဲ့ပြီး Host တစ်ဦးရဲ့ “ သြစတြေးလျ မှာနေထိုင်ခဲ့တဲ့ဘဝကို လွမ်းသလား” ဆိုတဲ့မေးခွန်း မေးမြန်းခံခဲ့ရပါ တယ်။

“ သြစတြေးလျနဲ့ပတ်သက်ပြီး ကျွန်မ လွမ်းမိတဲ့အရာတွေ အများကြီးရှိပါတယ်။ အားလုံးထဲကမှ နေထိုင်မှုပုံစံကိုလည်း လွမ်းမိပါတယ်” လို့ Rosé က ဆိုခဲ့ပါတယ်။

ထပ်ပြီးတော့ Rosé က “ လက်ရှိအချိန် ကျွန်မဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ်မှာနေထိုင်ပါ တယ်။ ဆိုးလ်ဟာ အလွန်ပြည့်ကျပ်ပြီး စည်ကားတဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။ ကျွန်မ အရင် သြစ တြေးလျမှာနေထိုင်ခဲ့တဲ့ မြို့လေးဟာ အလွန်တိတ်ဆိတ်တာပါ။ တိတ်ဆိတ်မှုကို ကျွန်မ အလွန် သတိရပါတယ်။

သြစတြေးလျမှာ အလွန် လန်းဆန်းတယ်လို့ ခံစားရတာပါ။ တကယ့်တကယ်ကို သြစတြေးလျမှာ နေထိုင်တဲ့ ကလေးဘဝရဲ့ အခိုက်အတန့်တွေကို အလွန်လွမ်းမိပါတယ်” လို့ပြောခဲ့ပါတယ်။

-m2t
Ref: Koreaboo

 

You cannot copy content of this page