K pop

■ သူမရှိလည်း BIGBANG ဟာ BIGBANG ပါပဲလို့ Seungri ရဲ့ ပြောဆိုမှုအပေါ် BIGBANG အဖွဲ့၀င်တွေရဲ့ တုံ့ပြန်မှု

— – – IC မှာတုန်းက Seungri က သူမရှိရင်လည်း BIGBANG ဟာ BIGBANG ဖြစ်နေဦးမှာဆိုခဲ့ပါတယ်။ အဲဒီပြောဆိုမှုအပေါ် တခြား BIGBANG အဖွဲ့၀င်တွေ ဘယ်လို တုံ့ပြန်ထားတယ်ဆိုတာ …

အရင်တုန်းက နာမည်ကျော် Reality Show တစ်ခုဖြစ်တဲ့ IC မှာ Yoo Jae Suk ဟာ BIGBANG အဖွဲ့မှာ ငါ မရှိလည်း ဖြစ်တယ်လို့ ထင်တဲ့သူ ပြောပါဆိုတဲ့ မေးခွန်းတစ်ခုကို မေးမြန်းခဲ့ပါတယ်။

အဲဒီမှာ Seungri က “ကျွန်တော် မရှိရင်လည်း BIGBANG ဟာ BIGBANG ဖြစ်နေဦးမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ ပြောဆိုမှုအပေါ် တခြား BIGBANG အဖွဲ့၀င်တွေ အံ့သြခဲ့ရပြီး သူတို့ရဲ့တုံ့ပြန်မှုကတော့ …

GD – မင်း တကယ်ပြောနေတာလား။ ဒါက ရယ်စရာ မဟုတ်ဘူးနော် … တော်တော့။

Daesung – ဘာ။ ငါ နားကြားများ မှားတာလား။ မင်း ဘာဖြစ်နေတာလဲ။ Ahhh … တကယ်ပါပဲ။

Taeyang – ပြောစရာစကားတောင် မရှိတော့ဘူး။ မင်း ဘယ်လိုလုပ် ဒီလို ပြောနိုင်ရတာလဲ။ မင်းက ငါတို့ရဲ့ ထာ၀ရ Maknae ပါ။

T.O.P – နောက်ဆုံးအချိန်တုန်းက အခန်းထဲမှာ သူ ကိုယ်တုံးလုံးဖြစ်နေတာကို ငါ ဗီဒီယိုရိုက်ခဲ့လို့ စိတ်ဆိုးနေတာ ထင်တယ်။ ငါ နောက်တာပါကွာ။ စိတ်မဆိုးပါနဲ့။

သူမရှိလည်း BIGBANG ဟာ BIGBANG ပါပဲလို့ Seungri က ပြောဆိုခဲ့ပေမဲ့ BIGBANG အဖွဲ့၀င်တွေ လက်မခံခဲ့သလို၊ သိပ်မကြာခင်က BIGBANG အဖွဲ့ရဲ့ Profile မှာ ငါးယောက်စလုံးပုံကို တင်ထားတာကြောင့် သိပ်မကြာခင်မှာ BIGBANG အဖွဲ့ အဖွဲ့၀င်အပြည့်အစုံနဲ့ Comeback လုပ်လိမ့်မယ်လို့ ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။

Ref: IC

You cannot copy content of this page