K pop

■ တရားဝင်အဖွဲ့ဖျက်သိမ်းသွားခဲ့ပြီဖြစ်တဲ့ IZ*ONE

— K-pop လောကမှာ အရည်အချင်းရှိပြီး ပရိသတ်အားပေးမှုတွေရရှိခဲ့ပေမယ့် IZ*ONE အဖွဲ့က တော့ ဧပြီလ 29 ရက်နေ့မှာ တရားဝင်အဖွဲ့ဖျက်သိမ်းသွားခဲ့ပြီဖြစ်ပါတယ်။

IZ*ONE အဖွဲ့ရဲ့ CJ ENM နဲ့ တရားဝင်စာချုပ်ဟာ ဧပြီလ 29 ရက်နေ့မှာ ကုန်ဆုံးသွားခဲ့ပြီး အဖွဲ့ဟာ လည်း တရားဝင် ဖျက်သိမ်းသွားခဲ့ပြီဖြစ်ပါတယ်။ IZ*ONE အဖွဲ့ဟာ ပြီးခဲ့တဲ့ 2018 ခုနှစ်က Mnet’s ‘Produce 48’ က စင်တင်ပေးတဲ့ အဖွဲ့ဝင် 12 ဦးနဲ့ Debut လုပ်ခဲ့တာပါ။

Debut လုပ်ပြီးနောက်ပိုင်း တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံမှာ အားပေးမှုအမြင့်ဆုံးရရှိတဲ့ အဖွဲ့သစ်လို့ ဆိုရမှာဖြစ်ပေမယ့် Mnet’s ‘Produce 48’ ရဲ့ မဲလိမ်လည်မှုပြဿနာတွေကြောင့် အဖွဲ့ရဲ့ ပုံရိပ်ကိုပါ ထိခိုက်ခဲ့ပါတယ်။

ဒါပေမဲ့ ပြဿနာတွေကြားက IZ*ONE အဖွဲ့ဟာ ပြန်လည်ရှင်သန်လာခဲ့သလို 2020 ခုနှစ်မှာ ထွက်ခဲ့ တဲ့ Album တွေနဲ့ First-Week Sales အမြင့်ဆုံး အမျိုးသမီး Group အဖြစ် စံချိန်တွေတောင်တင်ခဲ့ တာဖြစ်ပါတယ်။

အခုလအစောပိုင်းမှာတော့ ပရိသတ်တွေ ကြေကွဲစေတဲ့ သတင်းကို IZ*ONE အဖွဲ့ရဲ့ အေဂျင်စီတွေ ဖြစ်တဲ့ Swing Entertainment နဲ့ Off The Record Entertainment တို့က ကြေညာခဲ့တာပါ။ ဧပြီလ 29 ရက်နေ့မှာတော့ IZ*ONE အဖွဲ့ဟာ တရားဝင် ဖျက်သိမ်းသွားခဲ့ပြီဖြစ်ပြီး K-pop လောက ကြယ် ပွင့်လေးလေးတွေ တစ်နေရာစီရောက်သွားကြတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page