K pop

■ BTS နဲ့ အခြား K-pop အဖွဲ့တွေရဲ့ ကွာခြားချက်က ဘာလဲ

— တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်ဆောင် BTS အဖွဲ့နဲ့ အခြား K-pop အဖွဲ့တွေရဲ့ ကွာခြားချက်က ဘာလဲဆိုတာကို အငယ်ဆုံးလေး Jungkook က….

BTS အဖွဲ့ဟာ အင်ဒိုနီးရှားတီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ ‘Waktu Indonesia Belanja’ မှာ ဧည့်သည်အနေနဲ့ ပူးပေါင်းပါဝင်ခဲ့ပြီး အဲဒီမှာ ပရိသတ်တွေရဲ့ ပျော်ရွှင်စရာမေးခွန်းတွေကို အဖွဲ့ဝင်တွေဖြေဆိုပေးခဲ့ကြပါတယ်။

မေးခွန်းတွေအားလုံးထဲကမှ အငယ်ဆုံးလေး Jungkook ကို မေးတဲ့ မေးခွန်းတစ်ခုကတော့ “ BTS ကို အထူးစပါယ်ရှယ်ဖြစ်စေတာ ဘာလို့ထင်လဲ…BTS အဖွဲ့နဲ့ အခြား K-pop အဖွဲ့တွေရဲ့ ကွာခြားချက်က ဘာလဲ” လို့ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဒီမေးခွန်းကို Jungkook က ဖြေဆိုပြီး ARMY တွေကို အရည် ပျော်ကြသွားစေခဲ့ပါတယ်။

“ လုံး၀ ARMY တွေကြောင့်ဖြစ်ပါတယ်။ သူတို့ရဲ့တည်ရှိမှုကို ကျွန်တော်တို့ ကွဲပြားခြားနားသွားစေ တယ်လို့ ထင်ပါတယ်။ ARMY တွေဟာ ကျွန်တော်အပါအဝင် အဖွဲ့ဝင်တွေအားလုံးအတွက် အလွန် အရေးပါပြီး အရေးကြီးတဲ့ သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ ကျွန်တော်တို့ဘက်မှာ အမြဲတမ်းရှိနေ တာကြောင့် ကွာခြားချက်တွေ ကြီးမားသွားတာလို့ထင်ပါတယ်” လို့ Jungkook က ပြောခဲ့ပါတယ်။

နောက်ပြီး Jungkook က COVID 19 ကာလအတောအတွင်းမှာ ARMY တွေနဲ့ လူချင်းမတွေ့နိုင်တဲ့ အကြောင်းကိုလည်း ပြောခဲ့ပါတယ်။

“ အချိန်ပြည့် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ ARMY တွေကို တောင်းဆိုချင်ပါတယ်။ မင်းတို့နဲ့ ပြန်တွေ့ဆုံနိုင်မယ့်တစ်နေ့ကို ကျွန်တော်တို့စောင့်နေပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ ခဏတာ လေးဝေးနေကြပေမယ့် အမြဲတမ်းအားပေးနေလို့ ကျေးဇူးတင်သလို ဆက်ပြီးတော့လည်း အားပေးကြ ပါဦးလို့ တောင်းဆိုချင်ပါတယ်။ ကျေးဇူးတင်ပါတယ်” လို့ Jungkook က ပြောဆိုခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page