– – -IZ*ONE အဖွဲ့ဟာ ဧပြီ (၂၉) ရက်နေ့မှာ စာချုပ်အချက်လက်တွေအရ Disband ဖြစ်ခဲ့ပါပြီ။ အဲဒီနောက် အဖွဲ့ဝင်တွေအနေနဲ့ ဘာတွေဆက်လုပ်ဖို့ ရှိသလဲဆိုတော့…
Produce 48 အစီအစဉ်ကနေ မွေးထုတ်ပေးလိုက်တဲ့ IZ*ONE အဖွဲ့ဟာ ဧပြီ (၂၉) ရက်နေ့မှာ Disband ဖြစ်ခဲ့ပါပြီ။ အဲဒီနောက် အဖွဲ့ဝင်တွေက ကိုယ်ပိုင် သက်ဆိုင်ရာလမ်းကို လျှောက်လှမ်းရတော့ဖြစ်ပါတယ်။
Miyawaki Sakura, Yabuki Nako,Honda Hitomi
ဂျပန်အဖွဲ့ဝင် (၄) ယောက်ကတော့ လောလောဆယ်မှာ IZ*ONE အဖွဲ့အနေနဲ့ပဲ လှုပ်ရှားမှုတွေကို ပြုလုပ်ဦးမှာဖြစ်ပြီး အနာဂတ်အတွက် မဆုံးဖြတ်ရသေးပါဘူး ။သတင်းတွေအရ သူတို့ (၄) ယောက်ဟာ ကိုရီးယားကိုပဲ ပြန်လာမယ်လို့သိရပြီး Sakura ကလည်း Big Hit ကို ရောက်တော့မယ်ဆိုပြီး ကောလဟလထွက်ပေါ်နေပါတယ်။
Kwon Eunbi နဲ့ Kim Chaewon
Kwon Eunbi နဲ့ Kim Chaewon ကတော့ သူမတို့ရဲ့ မိခင်အေဂျင်စီဖြစ်တဲ့ Woollim Entertainmentကို ပြန်သွားမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အနာဂတ်ကို ဘာမှမဆုံးဖြတ်ရသေးဘဲ အဖွဲ့ဝင်တွေရဲ့ အိပ်မက်နဲ့ ရည်မှန်းချက်ကို အလေးနက်ထားသွားမယ်လို့ Woollim Entertainment က ထုတ်ပြန်ထားပါတယ်။
Choi Yena
Choi Yena ကတော့ သူမရဲ့အေဂျင်စီကိုပြန်ပြီး လတ်တလော IZ*ONE ရဲ့ ပရိုမိုးရှင်းတွေကို လုပ်သွားဦးမှာပါ။ အဲဒီနောက် tvN ရဲ Amazing Saturday မှာ အဖွဲ့ဝင်အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။
Lee Chaeyeon
WM Entertainment ကတော့ Lee Chaeyeon နဲ့ ပတ်သက်ပြီး ဆွေးနွေးနေဆဲလို့သာ ထုတ်ပြန်ထားပါတယ်။
Jang Wonyoung နဲ့ Ahn Yujin
သူတို့နှစ်ယောက်ကတော့ Starship Entertainment ကိုပြန်သွားခဲ့ပြီး လှုပ်ရှားမှုတွေ ပြန်လည်မပြုလုပ်ခင် အနားယူသွားမှာ ဖြစ်ပါတယ်။
Kim Minju နဲ့ Jo Yuri
Kim Minju က Music Works ကို ပြန်ပြီး အနုပညာရှင်တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်သွားမှာပါ။ Yuri ကလည်း ကလည်း လှုပ်ရှားမှုတွေကို ဆက်လုပ်သွားမှာပါ။