K pop

■ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကြိုက်ဆုံး သီချင်းတွေကို ဖွင့်ဟခဲ့တဲ့ Sunmi နဲ့ Chungha

– – -Sunmi နဲ့ Chungha တို့ အပြန်အလှန် ကြိုက်ကြတဲ့ သီချင်းတွေက…

နာမည်ကျော် တစ်ကိုယ်တော် အဆိုတော်နှစ်ယောက်ဖြစ်တဲ့ Sunmi နဲ့ Chungha တို့ဟာ Marie Claire Korea အတွက ်ဓာတ်ပုံရိုက်ကူးမှု ပြုလုပ်ပြီး အင်တာဗျူး အစီအစဉ်ကိုပါ ဖြေကြားခဲတာပါ။

အဲဒီမှာ သူမတို့နှစ်ယောက်ဟာ စိတ်ဝင်စားဖွယ် အကြောင်းအရာမျိုးစုံကို ဖွင့်ဟခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သဘောကျကြတဲ့ သီချင်းတွေကိုလည်း ထုတ်ဖော်ခဲ့ကြပါတယ်။

Chungha က သူမကြိုက်တဲ့ Sunmi ရဲ့ သီချင်းများစွာရှိတယ်လို့ ဆိုခဲ့ပြီး Sunmi ကတော့ ၂၀၁၈ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ Chungha ရဲ့ Roller Coaster ကို သဘောကျနေတာပါ။ အဲဒီနောက် Chungha က သူမအနေနဲ့ Sumi ရဲ့ Siren ကို အကြိုက်ဆုံးလို့ ဆိုခဲ့ပြီး ဟန်အမူအရာပါ လုပ်ပြခဲ့ပါတယ်။

နောက်ထပ် မေးခွန်းကတော့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကောင်းဆုံး choreography တွေကို ရွေးချယ်ရတာပါ။ Chungha က Sunmi ဆီမှာ အလွန်လှပတဲ့ choreography များစွာရှိကြောင်း ဆိုခဲ့ပြီး Siren နဲ့ Tail တို့ရဲ့အကတွေကို ရွေးချယ်ခဲ့ပါတယ်။ Sunmi ကတော့ Chungha ရဲ့ Bicycle ကို ရွေးချယ်ခဲ့တာပါ။

You cannot copy content of this page