– – -ပရိုမိုးရှင်းတွေနဲ့ အိပ်ချိန်တောင် မရှိခဲ့တဲ့ Rose’တစ်ယောက် ပရိုမိုးရှင်းတွေ ပြီးသွားတဲ့အခါ…
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေဟာ BLACKPINK အဖွဲ့ဝင် Rose’ အတွက်တော့ တော်တော်လေး အလုပ်ရှုပ်ခဲ့ရတဲ့အချိန်တွေလို့ ဆိုရမှာပါ။
Rose’ ဟာ သူမရဲ့ Solo သီချင်းတွေဖြစ်တဲ့ “On The Ground” နဲ့ “Gone” တို့အတွက် အပတ်အစဉ် Music Show တွေ၊ ပြည်တွင်းပြည်ပ အင်တာဗျူးအစီအစဉ်တွေ၊ ရသစုံအစီအစဉ်တွေကိုသွားပြီး ပရိုမိုးရှင်း ဆင်းခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့် Rose’ အနေနဲ့အိပ်ချိန်တောင် မရှိခဲ့ရဘဲ တော်တော်လေး အလုပ်များခဲ့တာပါ။ Arirang Radio အစီအစဉ်မှာတော့ သူငယ်ချင်းဖြစ်သူ Ashley Choi က Rose’ ကို ဖုန်းခေါ်ပြီး ပရိုမိုးရှင်းတွေ ပြီးသွားတဲ့အခါ ဘာလုပ်နေသလဲလို့မေးခဲ့ပါတယ်။
Ashley Choi က အခု ဘယ်မှာလဲလို့ မေးလိုက်တဲ့အခါ Rose’ က အိပ်ယာထဲမှာလို့ ပြန်ဖြေခဲ့ပါတယ်။ အဲအချိန်ဟာ ဘ ၈ နာရီခွဲရှိပြီဖြစ်ပြီး Rose’ အနေနဲ့ အိပ်ယာကနေ ထလာခဲ့တဲ့အချိန်ပါ။ “ငါအခု အိပ်ယာထဲမှာ။ တစ်နေ့လုံး အိပ်ယာထဲမှာထင်တယ်။ နောက်ကျမှထပြီး အိပ်ယာထဲမှာ အကြာကြီးလဲှနေတုန်းပဲ”လို့Rose’ က ဖွင့်ဟခဲ့ပါတယ်။
ဒါကြောင့် Rose’ ကတော့ ပရိုမိုးရှင်းတွေ ပြီးသွားတဲ့အခါ အိပ်ယာထဲမှာပဲ တစ်နေကုန်နှပ်နေပြီး အနားယူလျက် ရှိနေပါတယ်။
Ref: Koreaboo