K pop

■ Solo အတွက် အချစ်သီချင်း မဆိုရခြင်းအကြောင်းကို Rose’ ဖွင့်ဟ

– – -“On The Ground” သီချင်းမှာ Rose’အနေနဲ့ ထူးခြားတဲ့ မက်ဆေ့ချ်တွေ ပေးထားတာ တွေ့မြင်ရမှာဖြစ်ပြီး….

BLACKPINK အဖွဲ့ဝင် Rose’ ဟာ ပြီးခဲ့တဲ့မတ်လအတွင်း သူမရဲ့ Solo Debut ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Rose’ ရဲ့ Solo သီချင်းတစ်ပုဒ်ဖြစ်တဲ့ On The Ground သီချင်းဟာ Rose’ အနေနဲ့ သူမဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံတွေ အကြောင်းကို ရေးစပ်ထားပြီး မက်ဆေ့ချ်ပေးထားခဲ့တာပါ။

Rose’ နဲ့ သူမရဲ့ အဖွဲ့ဟာ Solo အတွက် သီချင်းရွေးချယ်ရာမှာ အချစ်သီချင်းကို ရွေးချယ်လို့ ရပေမဲ့ နောက်ဆုံးမှာတော့ ဆန့်ကျင့်ခဲ့ပါတယ်။ အချစ်သီချင်း၊ အသည်းကွဲသီချင်းတွေ ကောင်းမွန်ပေမဲ့ သူမတို့အဖွဲ့အနေနဲ့ သူမအကြောင်း ေပြာလို့ရမဲ့ တစ်ခုခု ရှာဖွေခဲ့ကြောင်း၊ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း စဉ်းစားထားခဲ့ရတဲ့ အကြောင်းအရာတွေကို ပြောဆိုဖို့ ခံစားရကြောင်း Rose’ က ဖွင့်ဟခဲ့ပါတယ်။

On The Ground သီချင်းက Rose’ ဘဝကို ထင်ဟပ်စေတဲ့သီချင်းဖြစ်ပြီး သီချင်းစာသားတိုင်း Rose ရဲ့နှလုံးသားထဲကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါကြောင့် ပထမဆုံး Solo သီချင်းအနေနဲ့ Rose’ ဟာ On The Ground ကို အားရကျေနပ်မိတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

You cannot copy content of this page