K pop

■ TWICE အဖွဲ့ဝင်တွေ ဘယ်လောက်အထိ သောက်နိုင်သလဲ

– – -TWICE အဖွဲ့ဝင်တွေ စကေး ဘယ်လောက်ရှိသလဲဆိုတော့….

TWICE အဖွဲ့ဝင်တွေအားလုံးဟာ အရွယ်ရောက်ပြီးသားသူတွေဖြစ်လို့ အရက်သောက်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောတာဟာ ပြဿနာ ဖြစ်စေမှာ မဟုတ်ပါဘူး။

တလောတုန်းက TWICE အဖွဲ့ဝင်တွေအနေနဲ့ V LIVE မှာ Live လွှင့်ခဲ့ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ အဲဒီမှာ ပရိသတ်တစ်ယောက်က “မင်းတို့တွေ ဘယ်လောက်သောက်နိုင်သလဲဆိုတာ သိချင်တယ်”လို့ မေးခဲ့ပါတယ်။

ဒီအခါ Nayeon က သူတို့အနေနဲ့ သိပ်များများစားစား မသောက်နိုင်ကြောင်း၊ ဒါပေမဲ့ တစ်ပုလင်းတော့ ကုန်အောင်သောက်နိုင်ကြောင်း၊ ဒါပေမဲ့ တစ်ပုလင်းလုံး ကုန်အောင်သောက်ရင် ပြဿနာတက်မှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒီအခါ ပရိသတ်တွေက သူမတို့အနေနဲ့ အရက်သောက်တဲ့အကြောင်း ပြောလို့မရဘူးလားလို့ မေးခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး Momo က သူမတို့ဟာ အရွယ်ရောက်ပြီးသားဖြစ်လို့ အရက်အကြောင်းပြောတာ ဘာမှမဖြစ်ကြောင်း ဆိုခဲ့ပါ တယ်။

ဆက်လက်ပြီး Nayeon က အဖွဲ့ဝင် (၃)၊ (၄) ယောက်လောက်က နှစ်ပုလင်းလောက်ကုန်အောင် သောက်နိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Ref: Koreaboo

You cannot copy content of this page