K pop

■ Tom Hanks, Brad Pitt, Taylor Swift, Harry Styles တို့နဲ့အတူ ၂၀၂၀ မှာ အမှတ်စရာအကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခံရခဲ့တဲ့ BTS အဖွဲ့ဝင်

— – – သူဟာ Esquire ရဲ့ ‘Most Memorable Personalities 2020’ အဖြစ် ဖော်ပြမှုဟာ ပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော K-Pop Idol လည်း ဖြစ်ပါတယ်။

အမေရိကန်အမျိုးသားမဂ္ဂဇင်း Esquire ဟာ “Since We’re All Staying Home, Build Yourself a Perfect 2020 Thanksgiving Table” ဆိုတဲ့ ဆောင်းပါးမှာ Most Memorable Personalities for the year 2020 စာရင်းကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ‘Most Memorable Personalities 2020′(၂၀၂၀ အတွင်း အမှတ်စရာအကောင်းဆုံးပုဂ္ဂိုလ်)စာရင်းမှာ Brad Pitt, Kamala Harris, Taylor Swift, Cardi B, Tom Hanks, ‘Parasite’ Director Bong Joon Ho, Dolly Parton, United States Senator Bernie Sanders, Harry Styles, Billie Eilish, Megan Thee Stallion, Lady Gaga, The Weeknd and Whoopi Goldberg တို့လို ကမ္ဘာကျော်တွေနဲ့ အတူ BTS အဖွဲ့ဝင်တစ်ဦး ဖော်ပြခံခဲ့ရပါတယ်။

သူကတော့ တခြားလူ မဟုတ်ပါဘူး။ BTS အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Jungkook ပဲ ဖြစ်ပါတယ်။ ဒါက ပရိသတ်တွေရဲ့ ရွေးချယ်မှုကို အခြေခံဖော်ပြတာ ဖြစ်ပေမဲ့ Jungkook အနေနဲ့ ကမ္ဘာကျော်တွေနဲ့ အပြိုင် ဖော်ပြခံခဲ့ရတာပါ။

Jungkook ဟာ Esquire က ‘Sexiest Man Alive 2020: Readers’ Choice Poll’ မှာလည်း ပရိသတ်တွေရဲ့ Sexiest Man Alive 2020 အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသေးတာပါ။

— ဃဲ
Ref: Esquire & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

 

-Zawgyi







— ဃဲ

You cannot copy content of this page