– – -BTS နဲ့ Justin Bieber တို့ Collab လုပ်မဲ့သတင်းဟာ မကြာခဏ ထွက်ပေါ်လေ့ရှိပြီး အခုအခါ…
နာမည်ကျော် ကိုရီးယား K-pop အဖွဲ့ BTS နဲ့ Justin Bieber တို့ဟာ Collab ပြုလုပ်သွားဖို့ ရှိနေကြောင်း အနုပညာရှင်တွေရဲ့သတင်းတွေကို တင်ဆက်ပေးနေတဲ့ Page Six က ဖော်ပြထားပါတယ်။
Bieber ရဲ့ နောက်ဆုံးထွက် Album Repackage မှာ သူတို့တွေဟာ Collab သီချင်းတစ်ပုဒ် ပြုလုပ်သွားမှာဖြစ်ပြီး အခုအခါ အဲဒီအတွက် လုပ်ဆောင်လျက်ရှိနေကြောင်း သိရပါတယ်။
“သူတို့ဟာ အချိန်ယူလုပ်ဆောင်နေပြီး ထုတ်ဝေမှာတော့ သေချာပါတယ်”လို့ Page Six က ဖော်ပြထားပါတယ်။ အခုနှစ်အစောပိုင်းက အမေရိကန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်တဲ့ Ithaca Holdings ဟာ HYBE America နဲ့ ပူးပေါင်းပြီးေ နာက် BTS နဲ့ Bieber တို့ Collab လုပ်မယ်ဆိုတဲ့သတင်းများစွာ ထွက်ရှိလာခဲ့တာပါ။
BTS နဲ့ Justin Bieber တို့ဟာ လူမှုကွန်ရက်မှာ အပြန်အလှန် ချီးကျူးတာတွေ၊ အားပေးတာတွေ ပြုလုပ်လေ့ရှိပြီး နွေးထွေးတဲ့ ဆက်ဆံရေးကောင်းတွေ ရှိကြသူတွေပါ။
ဒါကြောင့် ဒီတစ်ခေါက်မှာတော့ နှစ်ဖက်ပရိသတ်တွေက အမှန်တကယ် မြင်တွေရဖို့ မျှော်လင့်နေပြီး လာမဲ့ရက်သတ္တပတ်တွေအတွင်း တရားဝင်ထုတ်ပြန်နိုင်ချေရှိကြောင်းလည်း သတင်း ထွက်ပေါ်နေပါတယ်။