K pop

■ Chanyeol နဲ့ သူငယ်ချင်းစစ်သားတွေရဲ့ ဓါတ်ပုံကို ပရိသတ်တွေ အရည်ပျော်

—– လွမ်းနေတဲ့ EXO-L တွေအတွက် Chanyeol ရဲ့ စစ်တပ်အတွင်းကထွက်ပေါ်လာတဲ့ ပထမဆုံး ဓါတ်ပုံလေးဟာ…

မကြာသေးခင်က EXO အဖွဲ့ဝင် Chanyeol နဲ့ သူငယ်ချင်းစစ်သားဓါတ်ပုံတွေဟာ လူမှုကွန်ရက်မှာ ပျံ့ နှံ့ခဲ့ပြီး EXO-L တွေကို အလွမ်းပြေစေခဲ့ပါတယ်။ Chanyeol ဟာ Nonsan Basic Training Center မှာ စစ်မှုတာဝန်ထမ်းဆောင်ဖို့အခြေခံစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

Chanyeol နဲ့ သူငယ်ချင်းစစ်သားတပ်ဖွဲ့ဟာ ပျော်ရွှင်စွာနဲ့ဓါတ်ပုံတွေရိုက်ကူးခဲ့ကြပုံပေါ်တာဖြစ်ပါ တယ်။ Chanyeol ရဲ့ သူငယ်ချင်းစစ်သားတပ်ဖွဲ့ဟာ EXO အဖွဲ့ရဲ့ အမှတ်သားတစ်ခုဖြစ်တဲ့ ‘E’ ၊ ‘X’ ၊ ‘O’ အမှတ်အသားတွေကို လက်ချောင်းတွေနဲ့ပုံဖော်ခဲ့ကြပြီး Chanyeol နဲ့ ပျော်ရွှင်စွာ ဓါတ်ပုံတွေ ရိုက်ကူးခဲ့ကြတာပါ။

အဆိုပါ ‘E’ ၊ ‘X’ ၊ ‘O’ အမှတ်အသားဟာ EXO’s “Growl” performance က အဖွဲ့ဝင်တွေပြုလုပ်ခဲ့တဲ့ အမှတ်အသားတွေဖြစ်ပါတယ်။

Chanyeol ဟာ ပြီးခဲ့ဲတဲ့မတ်လ 29 ရက်နေ့က စစ်မှုတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး အခြား EXO အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ Baekhyun ဟာလည်း မေလ 6 ရက်နေ့မှာ စစ်မှုတာဝန်စတင်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page