K pop

■ ဂင်ပိုလေဆိပ်က ဖြစ်ရပ်အတွက် JYP Entertainment ကို TWICE ပရိသတ်များ ဝေဖန်

— – – အဲဒီလို ဝေဖန်ရအောင်လည်း TWICE အဖွဲ့ဝင်တွေ အခက်တွေ့ခဲ့ရ …

JYP Entertainment ဟာ နောက်ပိုင်းမှာ သူတို့အနုပညာရှင်တွေကို ဆက်ဆံရေး၊ ကာကွယ်ရေး စတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေနဲ့ဆက်တိုက်ရင်ဆိုင်နေရပါတယ်။ ဒီတစ်ကြိမ်ကတော့ TWICE အတွက်ပါ။

သိပ်မကြာခင်က TWICE အဖွဲ့ဝင်တွေဟာ ဂျပန်ကို သွားရောက်ခဲ့ပြီး ဂင်ပိုလေဆိပ်မှာ ပရိသတ်တွေကြောင့် အခက်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ဖြစ်ပွားနေဆဲကာလဖြစ်ပေမဲ့ TWICE အဖွဲ့ဝင်တွေ မြင်တွေ့ရဖို့အတွက် ပရိသတ်တွေ စုရုံးရောက်ရှိလာပြီး သူတို့ဟာ TWICE အဖွဲ့ဝင်တွေကို ဓာတ်ပုံရိုက်ဖို့၊ ဗီဒီယိုတွေ ရိုက်ဖို့ကြိုးစားခဲ့ကြတာပါ။

ဒါပေမဲ့ TWICE ပရိသတ်တွေ ဒေါသထွက်တာက အဖွဲ့ဝင်တွေကို ကာကွယ်ဖို့အတွက် JYP Entertainment က လုံခြုံရေးမထားခဲ့တဲ့ ကိစ္စဖြစ်ပြီး လုံခြုံရေးမပါတာကြောင့် TWICE အဖွဲ့ဝင်တွေဟာ လူကြားထဲက ကိုယ်တိုင် ထိုးထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ONCEs တွေက “ကမ္ဘာလုံးဖြစ်ပွားနေတဲ့ ကိုရိုနာကပ်ဘေးက အားကောင်းနေတုန်းပါပဲ။ ဒီလိုအချိန်မျိုးမှာ လူတွေ စုရုံးနေတာ ဘာကြောင့်လဲ။ တစ်ဖက်သားရဲ့ ပုဂ္ဂိုလ်ရေးကို လေးစားရမှာပေါ့။ ပြီးတော့ လုံခြုံရေးတွေက ဘယ်မှာလဲ။ JYP Entertainment က အနုပညာရှင်တွေ မကာကွယ်ပေးဘဲ ဘာလုပ်နေလဲ”လို့ လူမှုကွန်ရက်တွေမှာ ရေးသားခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ Twitter မှာ #PROTECTTWICE, #JYPE_PROTECT_TWICE ဆိုတဲ့ စာသားတွေဟာ Trending ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Ref: Koreaboo

You cannot copy content of this page