K pop

■ Imitation ဇာတ်လမ်းတွဲက La Ri Ma (သို့) Jiyeon

— – – La Ri Ma ဘယ်လိုလဲ။ Jiyeon ကရော ဘယ်လို ခံစားရလဲ ….

ပရိသတ်တော် အချစ်တော်လေးတစ်ဦးဖြစ်တဲ့ T-ara အဖွဲ့ဝင် Jiyeon ကို Imitation ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အောင်မြင်ကျော်ကြားတဲ့ တစ်ကိုယ်တော် K-Pop Idol တစ်ဦးအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။

မေလ (၇)ရက်နေ့ ထုတ်လွှင့်မဲ့ အဲဒီဇာတ်လမ်းတွဲမှာ La Ri Ma အဖြစ် ပါဝင်မယ့် Jiyeon က အဲဒီဇာတ်ကောင်နဲ့ ပတ်သက်လို့ သတင်းရှင်းလင်းပွဲမှာ အခုလိုပြောဆိုခဲ့တာပါ။

Jiyeon က “Dream High 2 မှာ ပြိုင်ဆိုင်မှုပြင်းထန်ပြီး တိုက်ခိုက်လိုစိတ်ရှိတဲ့ K-Pop အမျိုးသမီးအဖွဲ့ဝင်အဖြစ် ကျွန်မ သရုပ်ဆောင်ခဲ့ပါတယ်။ အခု ဒီဇာတ်လမ်းတွဲမှာတော့ ကျွန်မက အောင်မြင်တဲ့ Solo အဖြစ် သရုပ်ဆောင်ရမှာပါ”လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ Jiyeon က La Ri Ma ရဲ့ ကာရိုက်တာက Girl Crush Type ဖြစ်ပြီး “La Ri Ma က ပါရမီရှင်တစ်ဦးဖြစ်ပြီး လူတိုင်းနှစ်သက်ရသူတစ်ဦးပါ။ La Ri Ma ဟာ အပြင်မှာ တောက်ပနေပေမဲ့ ရင်ထဲမှာတော့ ဒဏ်ရာနဲ့ အထီးကျန်နေသူတစ်ဦးဖြစ်ပါတယ်”လို့ ဆိုပါတယ်။

Jiyeon က သူ့အနေနဲ့ La Ri Ma အဖြစ် အကောင်းဆုံးပုံဖော်နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ Imitation ဇာတ်လမ်းတွဲက Idol တွေရဲ့ ဘဝကို အမှန်တကယ် ထင်ဟပ်နေစေမယ့် ဇာတ်လမ်းတွဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: Soompi

You cannot copy content of this page