K pop

■ အလည်အသွားချင်ဆုံးနေရာကို ဖွင့်ဟခဲ့ကြတဲ့ BTS အဖွဲ့ရဲ့ Rapper (၂)ဦး

— – – တစ်ယောက်က အာရှ၊ တစ်ယောက်က ဥရောပ … သူတို့သွားချင်တဲ့ နိုင်ငံနဲ့မြို့တွေကတော့ …

သိပ်မကြာခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ BTS အဖွဲ့ရဲ့ Rapper တွေဖြစ်တဲ့ Suga နဲ့ RM တို့က သူတို့ သွားလည်ပတ်ချင်တဲ့ နေရာတွေကို ဖွင့်ဟခဲ့ကြပါတယ်။

Suga က “ကျွန်တော် အသွားချင်ဆုံးကတော့ စပိန်နိုင်ငံရဲ့ ဘာစီလိုနာမြို့ပါ။ တကယ်တော့ ဘာစီလိုနာမှာ Concert လုပ်ဖို့ စီစဉ်ထားတာပါ။ ဘာစီလိုနာမှာ ကျွန်တော် လုပ်ချင်တာတွေ အများကြီးပါပဲ”လို့ ဆိုပါတယ်။

တကယ်တော့ BTS အဖွဲ့ဟာ ဘာစီလိုနာမှာ ၂၀၂၀ ပြည့်နှစ်၊ ဒုတိယနှစ်ဝက်အတွင်း Concert လုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဖြစ်မလာခဲ့တာပါ။

RM ကတော့ “ကျွန်တော်ကတော့ အင်ဒိုနီးရှားနိုင်ငံက ဂျာကာတာမြို့ကို သွားချင်တယ်။ အဲဒီက မုန့်တွေက အရသာရှိပြီး လည်ပတ်ရတာ ပျော်စရာကောင်းတဲ့ နေရာတွေလည်း ရှိပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

BTS အဖွဲ့ဟာ လွန်ခဲ့တဲ့ (၃)နှစ်တုန်းက ဂျာကာတာမှာ Concert ပွဲ ပြုလုပ်ခဲ့ပြီး အတော်လေး ပျော်ရွှင်ခဲ့ရတယ်လို့ အဖွဲ့ဝင်တွေက ဆိုပါတယ်။

Ref: Koreaboo

You cannot copy content of this page