K pop

■ Sehun ရဲ့ ချစ်စရာကောင်းမှုမှာ EXO-L တွေ ပြိုလဲ

– – – Sehun က ဆု (၃)ခု မလိုချင်ပါဘူး။ ဆုတစ်ခုပဲ လိုချင်တယ်တဲ့။ အဲဒီဆုကလည်း …

EXO အဖွဲ့ရဲ့ အစ်ကိုအတွက် Sehun ဟာ ရတနာတစ်ပါးဖြစ်တယ် ဆိုတဲ့ အကြောင်းပြချက်များထဲက ဒါဟာ တစ်ခုအပါအဝင် ဖြစ်ပါလိမ့်မယ်။

EXO-SC ပွဲထွက်တုန်းက ကျင်းပခဲ့တဲ့ ပရိသတ်တွေ့ဆုံပွဲတစ်ခုမှာ “မင်း ဆု (၃)ခု တောင်းခွင့်ရှိတယ်။ ဘာတွေ တောင်းဆိုမလဲ”ဆိုပြီး Sehun ကို အမေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီမေးခွန်းကို Sehun က သူ့အနေနဲ့ ဆု(၃)ခု မလိုကြောင်းနဲ့ ဆုတောင်းတိုင်း ပြည့်မယ်ဆိုရင် ဆု(၁)ဆုသာ တောင်းချင်ကြောင်း ဆိုခဲ့ပါတယ်။

“ကျွန်တော် ဆု (၃)ဆု မလိုပါဘူး။ ဆု (၁)ဆုပဲ တောင်းချင်ပါတယ်။ အဲဒီဆုကတော့ ကျွန်တော့်အနေနဲ့ တစ်စုံတစ်ယောက်ရဲ့ ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့ အစွမ်းပါ။ တကယ်လို့ အဲဒီဆုသာပြည့်ခဲ့မယ်၊ အဲဒီအစွမ်းသာ ကျွန်တော် ပိုင်ဆိုင်ခဲ့မယ်ဆိုရင် EXO အဖွဲ့က အစ်ကိုတွေ ဝမ်းနည်းတဲ့အခါတိုင်း ကျွန်တော့်အနေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို ထိန်းချုပ်ပြီး သူတို့ကို ပျော်အောင် လုပ်ပေးချင်ပါတယ်”- Sehun

ဒါက Sehun ရဲ့ စစ်မှန်တဲ့ ဆန္ဒဖြစ်ပြီး Sehun ဟာ EXO အဖွဲ့နဲ့ ပွဲထွက်ပြီးကတည်းက အစ်ကိုတွေအတွက် ညအိပ်ယာ ဝင်ခါနီးတိုင်း ဆုတောင်းပေးတတ်တယ်လို့ သိရပါတယ်။

– ဃဲ
Ref: KStarLive & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page