K pop

■ Penthouse နဲ့နာမည်ကျော်လာတဲ့ မင်းသမီး Kim Hyun Soo အကြိုက်ဆုံး K-Pop အဖွဲ့

— – – Bae Rona ရဲ့ အကြိုက်ဆုံး K-Pop အဖွဲ့ကတော့ ကမ္ဘာကျော် အမျိုးသားအဖွဲ့တစ်ဖွဲ့ပါပဲ။

နာမည်ကျော် Penthouse ဇာတ်လမ်းတွဲနဲ့အတူ နာမည်ရလာတဲ့ လူငယ်သရုပ်ဆောင်တွေ များစွာရှိပြီး အဲဒီထဲမှာ မင်းသမီးလေး Kim Hyun Soo လည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

Kim Hyun Soo ဟာ Tikitacar နဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာတော့ သူအကြိုက်ဆုံး K-Pop အဖွဲ့ကို ဖွင့်ဟဝန်ခံသွားခဲ့တာပါ။

Kim Hyun Soo က K-Pop အဖွဲ့တွေထဲမှာ သူအကြိုက်ဆုံးကတော့ King of K-Pop ဖြစ်တဲ့ BIGBANG အဖွဲ့ ဖြစ်တယ်လို့ ဖွင့်ဟဝန်ခံခဲ့ပြီး သူ ကလေးဘဝကတည်းက BIGBANG အဖွဲ့ရဲ့ သီချင်းတွေနဲ့ကြီးပြင်းလာခဲ့ပြီး သူ့ကို BIGBANG ထက် ပိုပြီးဆွဲဆောင်နိုင်တဲ့အဖွဲ့ မရှိဘူးလို့ ဆိုခဲ့ပါတယ်။

BIGBANG အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Taeyang ကတော့ သူ့အနေနဲ့ Penhouse ဇာတ်လမ်းတွဲကို သဘောကျပြီး စောင့်ကြည့်လေ့ရှိတယ်လို့ ဖွင့်ဟခဲ့တာပါ။

အဲဒါကိုသိရင်တော့ Kim Hyun Soo တစ်ယောက် ပျော်နေလိမ့်မယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

Ref: VK

You cannot copy content of this page