K pop

■ Park Jin Young အနေနဲ့ အမျိုးသမီးအဖွဲ့တွေကို သီချင်းရေးပေးနေမှု ရပ်တန့်ရန် K-Netizen တွေ အလိုရှိ

– – -ITZY အဖွဲ့အတွက် ရေးသားပေးခဲ့တဲ့ Park Jin Young ရဲ့သီချင်းတွေကို ပရိသတ်တွေက အားမလိုအားမရဖြစ်နေပြီး…

JYP Entertainment တည်ထောင်သူ Park Jin Young ဟာ အံ့အားသင့်ဖွယ်အကြောင်းပြချက်နဲ့ K-Netizen တွေရဲ့ ဝေဖန်မှုကို ရင်ဆိုင်နေရပါတယ်။

ITZY ရဲ့ သီချင်းသစ်နဲ့ ပတ်သက်ပြီး Park Jin Young အနေနဲ့ ဆိုရှယ်မီဒီယာတွေထက်မှာ ဝေဖန်ခံနေရတာပါ။ ITZY ရဲ့အသစ်ထွက်ရှိခဲ့တဲ့ GUESS WHO Album ကို K-Netizen တွေက မျှော်လင့်ချက်များစွာ ထားရှိခဲ့ပေမဲ့ Park Jin Young ရေးသားပေးတဲ့ ခေါင်းစီးသီချင်း In The Morning ကို သဘောမကျ ဖြစ်နေကြတာပါ။

အဲဒီနောက် K-Netizen တွေက Park Jin Young အပေါ် စိတ်ပျက်မိကြောင်း သူ့ရဲ့ Instgram အကောင့်မှာသာမက ကိုရီးယားပြည်တွင်းက ဝက်ဆိုက်တွေမှာပါ မှတ်ချက်ပြုဝေဖန်နေခဲ့ကြတာပါ။ ဒီသီချင်းဟာ အလွန်ဆိုးရွားပြီး အမျိုးသမီးအဖွဲ့တွေအတွက် သီချင်းရေးသားပေးနေမှုကို ရပ်တန့်ဖို့ K-Netizen တွေက တောင်းဆိုခဲ့ကြပါတယ်။

ဒါက K-pop နယ်ပယ်ထဲ အောင်မြင်မှုများစွာ စိုက်ထူထားပြီး နာမည်ကျော်သီချင်းများစွာကို ဖန်တီးခဲ့တဲ့ Park Jin Young အတွက် ကြုံတောင့်ကြုံခဲဖြစ်ရပ်လို့ ဆိုရမှာပါ။

K-Netizen တွေက သဘောမကျပေမဲ့ နိုင်ငံတကာပရိသတ်တွေကတော့ ITZY ရဲ့ Comeback ကို သဘောကျလျက်ရှိနေပြီး Twitter မှာ Trend တောင်ဖြစ်ခဲ့ပြီး အောင်မြင်မှု ရခဲ့ပါတယ်။

Ref: Koreaboo

You cannot copy content of this page