K pop

■ “Youth With You” သင်တန်းသာတွေ Lisa ကို အမှတ်ဘယ်လောက်ပေးခဲ့ကြသလဲ

– – – ဒီကာလအတွင်း Lisa ဟာ သင်တန်းသားတွေအတွက် Mentro ကောင်းပီသခဲ့သလားဆိုတာ…

BLACKPINK အဖွဲ့ဝင် Lisa ဟာYouth With You ကို တစ်ခါ နှုတ်ဆက်ရတော့မဲ့အချိန် ရောက်လာပြန်ပါပြီ။

Youth With You 3 ဟာ (၃) လကြာ ပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံး အပိုင်းကို ရောက်ရှိလာခဲ့တာပါ။ နောက်ဆုံးအပိုင်း မတိုင်ခင်မှာ သင်တန်းသားတွေက Mentor တွေရဲ့ အရည်အချင်းအပေါ် အမှတ်ပေး အကဲဖြတ်ခဲ့ပါတယ်။

အဲဒီမှာ Dance Mentor အဖြစ် ဆောင်ရွက်နေတဲ့ Lisa က သူမအနေနဲ့ B+ သာ ရရှိလိမ့်မယ်လို့ ထင်မှတ်ကြောင်း ဖွင့်ဟခဲ့ပါတယ။် ဒါပေမဲ့ Lisa ရဲ့ အမြင် တက်တက်စင်အောင် လွဲချော်ခဲ့ပြီး သင်တန်းသားတွေက Lisa ကနေ A++++++ အဆင့်အထိ ပေးခဲ့ကြပါတယ်။

Lisa ကို A-plus ပေးခဲ့တဲ့ BoogieFish ကတော့ Lisa ရဲ့ အကစွမ်းရည်ဟာ အံ့မခန်းဖြစ်ပြီး သင်တန်းသားတွေကိုလည်း စိတ်ရှည်ရှည်ထား သင်ပြပေးကြောင်း ဖွင့်ဟခဲ့ပါတယ်။

နောက်ထပ်သင်တန်းသားတစ်ဦးဖြစ်တဲ့ Neil ကလည်း အမြင့်ဆုံး ၁၀၀ မှတ်နေလို့သာဖြစ်ပြီး Lisa ကို အမှတ် ၁၀၀၀ လောက်အထိပေးချင်ကြောင်း ဆိုခဲ့ပါတယ်။ Lisa ဟာ သင်တန်းသားအများအပြားဆီက ချီးကျူးမှုကို ခံခဲ့ရပြီး သူမရဲ့ကြင်နာမှု၊ ဂရုစိုက်မှုကို အထူးတလည် ချီးကျူးခဲ့ကြပါတယ်။

-Ref: Koreaboo

You cannot copy content of this page