Celebrity

■ ချစ်သက်တမ်း (၄)နှစ်ကြာပြီးနောက် Kyung Li နဲ့ 2PM Jinwoon တို့လမ်းခွဲ

— 9Muses အဖွဲ့ဝင်ဟောင်း တစ်ကိုယ်တော်အဆိုတော် မင်းသမီးဖြစ်သူ Kyung Li နဲ့ 2PM အဖွဲ့ဝင် Jinwoon တို့ဟာ ချစ်သက်တမ်း (၄)နှစ်ကြားပြီးနောက် လမ်းခွဲသွားပြီဖြစ်တယ်လို့ သိရပါတယ်။

Kyung Li နဲ့ 2PM အဖွဲ့ဝင် Jinwoon Idol အတွဲဟာ သူတို့ရဲ့ အချစ်ရေးကို နိုဝင်ဘာလ 2019 ခုနှစ် တုန်းက ပရိသတ်တွေကို တရားဝင်ချခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ 2017 ခုနှစ် ဖေဖော်ဝါရီလကတည်း က ဒိတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။

အခုအခါမှာတော့ သူတို့တွေဟာ တစ်ဦးနဲ့တစ်ဦး များစွာသောအလုပ်အချိန်တွေကြောင့်လို့ အကြောင်း ပြပြီး လမ်းခွဲခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Kyung Li ရဲ့ အေဂျင်စီဖြစ်တဲ့ YNK Entertainment က “ Kyung Li နဲ့ Jinwoon တို့ဟာ မကြာသေး ခင်က လမ်းခွဲသွားကြပြီးဖြစ်တာ အမှန်ပဲဖြစ်ပါတယ်” လို့ အတည်ပြုခဲ့ပါတယ်။

2PM အဖွဲ့ဝင် Jinwoon ဟာ ‘Am I the Only One Seeing This?’ ရုပ်ရှင်ကို ရိုက်ကူးဖို့ အတည်ပြု ထားတာဖြစ်ပါတယ်။ စစ်မှုတာဝန်ထမ်းဆောင်ပြီးနောက် သူ့ရဲ့ ပထမဆုံး အနုပညာလှုပ်ရှားမှုဖြစ်ပါ တယ်။ Kyung Li ကတော့ JTBC က ထုတ်လွှင့်နေတဲ့ ‘Undercover’ ဒရာမာမှာ ပါဝင်သရုပ်ဆောင် နေတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page