Celebrity

■ မင်းသမီး Kim Taeri ဘယ်လို ARMY တစ်ဦးဖြစ်လာတာလဲ

—- ကမ္ဘာကျော် အနုပညာရှင်တွေရော ပြည်တွင်းအနုပညာရှင်တွေပါ ဝိုင်းရံအားပေးခြင်းခံခဲ့ရတဲ့ BTS ကို အားပေးတဲ့အထဲမှာ နာမည်ကျော်ကိုရီးယားမင်းသမီး Kim Taeri တစ်ယောက်လည်းအပါအဝင်ပါ…

မင်းသမီး Kim Taeri တစ်ယောက် ဘယ်လိုလုပ် ARMY တစ်ဦးဖြစ်လာသလဲလို့ ထင်ပါသလဲ… အဆို ပါအကြောင်းကို Kim Taeri က အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ Kim Taeri က သူမအနေနဲ့ ကြားဖူးတဲ့ BTS ပထမဆုံးသီချင်းကတော့ RM ရဲ့ Solo Song ‘Persona.’ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“ RM ရဲ့ Solo Song ‘Persona’ ဟာ ကျွန်မ ပထမဆုံးကြားတော့ လျှာပါလိပ်တဲ့ သီချင်းအမျိုးအစား ဖြစ်ပါတယ်။ Tune ကလည်း အလွန် အားပြင်းထန်သလို စာသားတွေကိုလည်း အကောင်းဆုံးရေး သားထားတာပါ။ အကြိမ်ကြိမ်နားထောင်တိုင်း တကယ်ကို နှစ်သက်ခဲ့ပါတယ်။ တစ်လလောက် အဲဒီ သီချင်းကို နားထောင်ပြီးတဲ့ အခါမှာ BTS Album တစ်ခုလုံးကိုပါ နားထောင်ဖို့ ကြိုးစားခဲ့ပါတယ်။

နောက်တော့ BTS ရဲ့ MV တွေကိုပါ လိုက်ရှာကြည့်ခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့ ဖျော်ဖြေမှုတွေ ဆက် ကြည့်ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ ပရိသတ်တစ်ဦးဖြစ်သွားတာပါပဲ” လို့ Kim Taeri က ပြောခဲ့ပါ တယ်။

-m2t
Ref: Kstarlive

You cannot copy content of this page