K pop

■ အလှတွေရောင်ပြန်ဟပ်စေမဲ့ Jisoo ရဲ့မျက်နှာအနီးကပ်ပုံရိပ်များ

– – – သူမရဲ့ချောမောလှပတဲ့ မျက်နှာကို အနီးကပ်ရိုက်ထားတဲ့ ပုံရိပ်တွေ Instagram ဝေမျှခဲ့တဲ့ Jisoo ကို Slay နိုင်သူကြီးလို့ မှတ်ချက်ပြု …

BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ မျက်နှာအနီးကပ်ပုံရိပ်တွေဟာ BLINK တွေရဲ့ ရင်ကိုဖောက်ထွင်းသွားပုံ ရပါတယ်။

Jisoo ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူမရဲ့ လှပလွန်းတဲ့ မျက်နှာကို အနီးကပ်ရိုက်ထားတဲ့ ဓာတ်ပုံတချို့ကို Instagram မှာ ဝေမျှခဲ့တာ ဖြစ်ပါတယ်။

ခရမ်းရောင်ဝတ်စုံလေးနဲ့ ပုံမှာ “မျှော်လင့်တဲ့အတိုင်းပဲ… ခရမ်းရောင်က တို့အကြိုက်ဆုံး” ဆိုတဲ့ Caption လေးကို ထိုးထားပါတယ်။

Puzzle Cube ကို ကိုင်ထားတဲ့ ပုံလေးမှာတော့ “ဒါကို ဆော့တာ တစ်ခါမှ မအောင်မြင်သေးဘူး”ဆိုတဲ့ Caption ကို ရေးသားခဲ့ပါတယ်။

BLINK တွေ ဘယ် Angle က ရိုက်ရိုက်လှနေတဲ့ Jisoo ရဲ့ Visual ဖြစ်မှုကို ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။

ပရိသတ်တစ်ဦးက “Wow … Jisoo ရေ တကယ်လှတယ် … အပြင်မှာ ပိုလှမယ်ထင်တယ်”ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။

– ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page