K pop

■ သူတို့ရဲ့ရုပ်ချင်းဆင်တူမှုအပေါ် နောက်ပြောင်ခဲ့ကြတဲ့ SHINee နဲ့ NCT အဖွဲ့ဝင်

— – – သူတို့နှစ်ဦးဟာ ချစ်စရာကောင်းတဲ့ အပြန်အလှန်နောက်ပြောင်မှုနဲ့ ပရိသတ်တွေကို …

NCT အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lucas ဟာ သိပ်မကြာခင်က အပြင်မှာ အပန်းဖြေပြီး စိတ်ကျေနပ်နေတဲ့ သူ့ရဲ့ ဗီဒီယိုဖိုင်အတိုလေးတစ်ခုကို Instagram မှာ တင်ခဲ့ပါတယ်။

အဲဒီဗီဒီယိုဖိုင်တင်ပြီး သိပ်မကြာခင်မှာပဲ SHINee အဖွဲ့ဝင် Minho က သူတို့နှစ်ဦးရဲ့ ရုပ်ချင်းဆင်မှုကို စနောက်ပြီး Comment ပေးခဲ့တာပါ။

Minho က “ငါ့ဆီက ခွင့်ပြုချက်မတောင်းဘဲ ငါ့ဗီဒီယိုကို မင်း ဘာကြောင့် တင်ရတာလဲ”ဆိုပြီး ရေးသားခဲ့တာပါ။ အဲဒီ Comment ကို Lucas က “Hehehehe … Hyung အရမ်းမိုက်နေတာကြောင့် ကျွန်တော် ထင်တာပါ … Hehehehe”ဆိုပြီး ပြန် Reply လုပ်ခဲ့တာပါ။

ပရိသတ်တွေကတော့ SME ရဲ့ စီနီယာနဲ့ ဂျူနီယာတွေ ရင်းနှီးချစ်ခင်မှုကို သဘောကျနေပြီး သူတို့အကြားက ဆက်ဆံရေးဟာ ချစ်စရာကောင်းတယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

Ref: Soompi

You cannot copy content of this page