K pop

■ YG Entertainment နဲ့ G-Dragon ရဲ့ ရေစက်

— – – YG ကို G-Dragon ဘယ်လောက် မြတ်နိုးတယ်ဆိုတဲ့၊ သူတို့နဲ့ကာလရှည်လက်တွဲခြင်းရဲ့ နောက်ကွယ်က အမှန်တရားက ဘာများဖြစ်မလဲ …

King of K-Pop၊ ကမ္ဘာ့ Fashion Icon လို့ တင်စားကြတဲ့ G-Dragon ဟာ DAZED Korea နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ YG Entertainment အပေါ် သူ့ရဲ့သဘောထားကို ပြောပြခဲ့တာပါ။

G-Dragon ဟာ YG Entertainment နဲ့လက်တွဲလာတာ ဆယ်စုနှစ်(၂)ခုနီးပါး ရှိပြီဖြစ်ပေမဲ့ အေဂျင်စီအပေါ်ထားတဲ့ စိတ်ထားကတော့ တကယ်ကို လေးစားစရာ၊ မြတ်နိုးစရာ ဖြစ်ပါတယ်။

“ကျွန်တော် YG Entertainment မှာ အလုပ်လုပ်နေပေမဲ့ တကယ်တမ်းတော့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက YG ပရိသတ်ပါ။ ကျွန်တော် ငယ်ငယ်တုန်းက Hip Hop အဖွဲ့တွေ မရှိသေးပါဘူး။ YG ကို သဘောကျလို့ ကျွန်တော် YG ကို လာခဲ့တာပါ။ အခုတော့ ကျွန်တော်က YG မှာ စီနီယာအကျဆုံးအဖွဲ့ဝင်တစ်ဦး ဖြစ်နေပါပြီ။ အဲဒီအတွက် အရမ်းကံကောင်းတယ်လို့ ကျွန်တော် ခံစားရပါတယ်”လို့ G-Dragon က ဆိုပါတယ်။

G-Dragon ဟာ ဆယ်ကျော်သက်အရွယ်မှာ YG နဲ့လက်တွဲခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာတော့ BIGBANG အဖွဲ့နဲ့ပွဲထွက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ BIGBANG ဟာ ကိုရီးယားဂီတလောကမှာ လွှမ်းမိုးမှုအရှိဆုံးအဖွဲ့ဖြစ်လာခဲ့ပြီး ဂီတကျွမ်းကျင်သူတွေနဲ့ ဝေဖန်သူတွေက BIGBANG ကို Kings of K-Pop အဖြစ် သတ်မှတ်ထားကြပါတယ်။

အဲဒီလိုပဲ G-Dragon ဟာ တစ်ကိုယ်တော်အဖြစ်ပါ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး သူ့ကို King of K-Pop လို့ ခေါ်ဝေါ်ကြပါတယ်။ YG တည်ထောင်သူ Yang Hyun Suk က BIGBANG ကို တည်ဆောက်ခဲ့တာ YG မဟုတ်ပါဘဲ BIGBANG က YG ကို လုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

BIGBANG အဖွဲ့ဝင်တွေဟာ ပွဲထွက်ပြီးကတည်းက YG နဲ့လုံးဝလက်တွဲမဖြုတ်ဘဲ အကောင်းဆုံးဂီတတွေကို ဖန်တီးခဲ့ပြီး ဒီနှစ်မှာ Comeback လုပ်ဖို့ ရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။

Ref: DAZED Korea

You cannot copy content of this page