— – – မြင်သူတိုင်း အကြည့်မလွဲနိုင်အောင် ချောလွန်းနေမယ်ဆိုရင်တောင် YG မှာတော့ …
YG Entertainment ကို တည်ထောင်သူ Yang Hyun Suk ဟာ တကယ့်ကိုအရည်အချင်းပြည့်ဝတဲ့ K-Pop Idol တွေကို ရွေးထုတ်တဲ့နေရာမှာ ဆရာတစ်ဆူအဖြစ် K Industry မှာ တင်စားခံရသူဖြစ်ပါတယ်။
ဒါ့အပြင် YG Entertainment ကလည်း သူတို့ရဲ့ဂီတတွေကို ဖန်တီးရာမှာ အကောင်းဆုံးအဖြစ် ကိုရီးယားတွေက သတ်မှတ်ကြပြီး YG က ထုတ်တဲ့ အနုပညာရှင်တွေဟာ ပရိသတ်တွေကို အနုပညာနဲ့ပတ်သက်လို့ ဘယ်တော့မှ စိတ်မပျက်စေဘူးလို့လည်း ဆိုကြပါတယ်။
Yang Hyun Suk ရဲ့ အဆိုတော်တစ်ယောက်အပေါ် အကဲဖြတ်မှုက ရှင်းပါတယ်။ သူက ရုပ်ချောတာ မချောတာ ဂရုမစိုက်ပါဘူး။ သူ လိုချင်တာက ပါရမီရှင်တွေ ဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့ Personality အရဆိုရင်တော့ လူတစ်ယောက် ဘယ်လောက်ပဲ ချောနေပါစေ။ ကျွန်တော် လိုချင်တဲ့ အတိုင်းအတာကို ရောက်နိုင်တဲ့ ပါရမီမရှိဘူးဆိုရင်တော့ ကျွန်တော့်အနေနဲ့ သူ့ကို လုံးဝရွေးချယ်မှာ မဟုတ်ပါဘူး”လို့ Yang Hyun Suk က ဆိုပါတယ်။
ဒါကြောင့်လည်း YG ဟာ ရုပ်ရည်ကို ဂရုမစိုက်ဘူး။ တကယ့်ပါရမီရှိသူတွေကိုပဲ အလေးထားတယ်လို့ ကိုရီးယားတွေ ပြောဆိုလေ့ရှိပြီး YG မှာ သင်တန်းသားဖြစ်ဖို့တောင် အတော်ခက်တယ်လို့ ဆိုကြပါတယ်။
Ref: VK