K pop

■ Idol တွေလို ဝိတ်ချလို့ K-Pop ပရိသတ်တစ်ဦး ဆေးရုံတက်ခဲ့ရ

— – – Idol ရဲ့ ဝိတ်ချနည်းအတိုင်း စားသောက်ပြီး (၃)ရက်အကြာမှာပဲ ဆေးရုံတက်လိုက်ရပါတော့တယ် …

You Tuber တစ်ဦးဖြစ်တဲ့ Borararax2 လို့ အမည်ရတဲ့ K-Pop ပရိသတ်တစ်ဦးဟာ K-Pop Idol တွေလို ဝိတ်ချဖို့ ကြိုးစားခဲ့ပေမဲ့ (၃)မြောက်နေ့မှာပဲ ဆေးရုံတက်လိုက်ရတယ်လို့ You Tube မှာ တင်ခဲ့ပါတယ်။

သူဟာ GOT7 အဖွဲ့ဝင် Jackson ရဲ့ ဝိတ်ချနည်းအတိုင်း ဝိတ်ကျဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ Borararax2 အနေနဲ့ Jackson ရဲ့ ဝိတ်ချနည်းအတိုင်း ပထမနေ့မှာ သကြားဓာတ်မပါတဲ့ အသီးတွေ စားသုံးရင်း ဝိတ်ချခဲ့တာပါ။

ပထမနေ့ကို Borararax2 အနေနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ ဒုတိယနေရာမှာတော့ ပြဿနာ စတက်တယ်လို့ ဆိုပါတယ်။ ဒုတိယနေ့မှာပဲ Borararax2 ဟာ ဖျားနာသလိုဖြစ်နေပြီဖြစ်ပေမဲ့ Jackson ရဲ့ ဝိတ်ချနည်းအတိုင်း ဆက်လုပ်ခဲ့လို့ တတိယမြောက်နေ့မှာ ဆေးရုံတက်လိုက်ရတာပါ။

အဲဒီနောက်မှာတော့ Borararax2 ဟာ သူ့ရဲ့အဖြစ်ကို တခြား K-Pop ပရိသတ်တွေ သင်ခန်းစာ ယူနိုင်ဖို့အတွက် You Tube နဲ့ TikTok တွေမှာ တင်ခဲ့ပါတယ်။

ဝိတ်ချမယ်ဆိုရင် အရင်တိုင်ပင်သင့်တာက ကျွမ်းကျင်ဆရာဝန်တွေဖြစ်ပြီး တစ်ဦးရဲ့ခန္ဓာကိုယ်နဲ့ တခြားသူတစ်ဦးရဲ့ ခန္ဓာကိုယ်နဲ့ မတူတာကြောင့် Idol တွေ ဝိတ်ချနည်းအတိုင်း လိုက်လုပ်တာဟာ အန္တရာယ်အလွန်များလှပါတယ်။

Ref: Koreaboo

You cannot copy content of this page